(Unicode)
Ellie Pov:
မျက်လုံးဖွင့်ကြည့်လိုက်တော့ နတ်ပြည်ရောက်နေတယ်ထင်ပေမယ့် တကယ်ရောက်မနေလို့ အံ့သြသွားတယ်။အဖေရှာတွေ့သွားပြီလား?။ငါကြောက်စိတ်တွေဝင်လာခဲ့တယ်။ဒါပေမယ့် ဒီအခန်းကို တစ်ခါမှမမြင်ဖူးဘူး။ငါ့ကိုအဖေပြန်ဖမ်းမိသွားပြီလား? အဖေရိုက်ရင်ဘယ်လိုလုပ်မလဲ?
အိပ်ရာပေါ်ကအမြန်ထဖို့လုပ်လိုက်ပေမယ့် ဒါကငါ့အိမ်နဲ့မတူဘူး။
နံရံပေါ် ဝံပုလွေပန်းချီက အရမ်းမိုက်တာပဲ။အခန်းကို မျက်လုံးနဲ့ လှည့်ပတ်ကြည့်လိုက်တော့ ဗီရိုအကြီးကြီးတစ်လုံးကိုတွေ့တယ်။
ဗီရိုထဲကြည့်လိုက်တော့ အဝတ်တွေအများကြီးရှိတာကိုတွေ့လိုက်ရတယ်။တစ်ယောက်ယောက် ငါ့ကိုကယ်ခဲ့တာလား? သူတို့မှာ ကလေးတွေရှိပုံပဲ!
ငါဘယ်ရောက်နေတာလဲဆိုပြီး စဥ်းစားနေတုန်း အနောက်ဘက်ကအသံကို ကြားလိုက်တော့ လန့်ပြီးခုန်လိုက်မိတယ်။
"မင်းနိုးလာပြီပဲ'' အသံပိုင်ရှင်ကပြောတယ်။
ငါဖြေးဖြေးလေး ဟိုဘက်လှည့်လိုက်တော့ ငါ့အေဖထက်အရပ်ရှည်တဲ့လူနဲ့ မျက်လုံးချင်းဆုံလိုက်ရတယ်။အရပ်က ၆ပေ၂ လောက်ရှိမယ်။သူနဲ့ယှဥ်လိုက်ရင် ငါကသေးသေးလေးဖြစ်သွားတယ်။ငါတံတွေးမြိုချလိုက်မိတယ်။
သူ့ကြည့်ရတာ ကြောက်ဖို့ကောင်းတယ်။သူငါ့ကိုရိုက်ရင် ဘယ်လိုလုပ်မလဲ?
"မင်း နာမည်ဘယ်လိုခေါ်လဲ?'' မကြမ်းတမ်း မနူးညံ့တဲ့အသံနဲ့ မေးလာတယ်။သူပြောတဲ့အသံက နည်းနည်းလေးကြောက်ဖို့ကောင်းပေမယ့် ငါ့အဖေအသံနဲ့ လုံးဝမတူဘူး။ငါ့လက်တွေအချင်းချင်းလိမ်ယှက်ထားမိတယ်။
အဲ့ဒီနောက် သူ့သက်ပြင်းချသံကို ငါကြားလိုက်တယ်။ငါနဲ့အရပ်ချင်းတူအောင် ဒူးကွေးချလိုက်ပြီး ငါ့ကိုကြည့်လာတယ်။
"ငါမင်းကို နာကျင်အောင်မလုပ်ပါဘူး'' လို့သူကနူးညံ့တဲ့အသံနဲ့ပြောလာတယ်။
ငါစိတ်ပူနေတယ်။ငါသူ့ကိုကြည့်လိုက်ပြီး တံခါးကိုကြည့်လိုက်တယ်။
ငါထွက်ပြေးရင်တောင် ဒါကအချည်းအနှီးဖြစ်မှာပဲ။
"အသေးလေး မင်းမှာ နာမည်မရှိဘူးလား?'' သူမေးတယ်။

YOU ARE READING
Addopted by the Billionaire(Mm Translation)
De TodoI'm not own this story. I'm just a translator. Credits to original author. By the way she's so kind. https://www.wattpad.com/story/223853148?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=PhyuSin809...