Unicode
Eliana Smith's Outfit
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Antonio Smith's Outfit
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Antonio's POV:
ညစာစားပြီးချိန်မှာတော့ ထုံးစံအတိုင်း သမီးလေးက ဘယ်ကိုသွားတယ်ဆိုတာ ဘယ်သူကသိမှာလဲ? ဂျီနာလုပ်ခဲ့တာကို ငါဘာလို့ဒေါသထွက်နေတယ်ဆိုတာ ငါနားမလည်နိုင်ဘူး။ ငါကလူပျိုလူလွတ်တစ်ယောက်ဖြစ်တဲ့အတွက် ငါလိုချင်တဲ့ဘယ်အရာကိုမဆိုငါရနိုင်တယ်။ မနက်ဖြန်အယ်လီရဲ့အသက်မွေးဝမ်းကျောင်းနေ့အတွက် ဂျိုးဆပ်ကိုငါဖုန်းကြိုဆက်လိုက်တယ်။ မနက်ဖြန်ငါ့သမီးရဲ့အတန်းဖော်တွေနဲ့ တွေ့ရမှာဆိုတော့ ငါပျင်းနေလို့မဖြစ်ဘူး။ ဒါကြောင့်ငါအလုပ်စလုပ်လိုက်ပြီး စာရေးခြင်းကိုပိုပြီးအရှိန်တင်လိုက်တယ်။ ဒါပေမယ့် အေဒင်ဆိုတဲ့ကောင်လေး သူလုပ်ခဲ့တဲ့လုပ်ရပ်ကြောင့် ငါသူ့ကိုထင်သလောက်မမုန်းတော့ပါဘူးလေ။ ဒါပေမယ့် သူသာတစ်ခုခုကိုလုပ်ခဲ့ရင် သူ့မိသားစုကို ခံရအောင်အမှန်တကယ်လုပ်ပစ်မယ်။ မင်းဘာတွေစဉ်းစာနေတာလဲ အန်တိုနီယို။ သူတို့ကအခုမှ၈နှစ်ပဲရှိသေးတာလေ! ငါဗော့ဒ်ကာတစ်ခွက်သောက်ပြီး ခေါင်းကိုရှင်းပစ်လိုက်တယ်။ ငါအစောကဟိုအမိုက်အမဲမလေးလုပ်ခဲ့တာကိုမြင်ပြီး တကယ်စိတ်ပျက်သွားတယ်။ အခုမှကိုယ့်မျက်စိနဲ့ကိုယ်တိုင်ကိုယ်ကျမြင်သွားတော့တယ်။ ငါ့သမီးလေးအနိုင်ကျင့်ခံထိနေတာ ဘယ်လောက်တောင်ကြာနေပြီလဲ? သူအဲ့ဒီကျောင်းကိုသွားနေတာတစ်ပတ်တောင်ရှိပြီ။ သူမနာကျင်နေတာကို ငါ့ကိုမပြောပြတာကို ငါမုန်းတယ်။ စာကြည့်ခန်းကနေ အိပ်ခန်းဆီကို ထွက်လာတော့ ည၈နာရီတောင်ရှိနေပြီ။ သက်တောင့်သက်သာရှိတဲ့ ညအိပ်ဝတ်စုံက် လဲလိုက်တယ်။ ငါညအိပ်ဝတ်စုံဝတ်အိပ်ရတဲ့အကြောင်းအရင်းကတော့ တစ်ညမှာ အယ်လီက ငါ့ကိုပွေ့ဖက်ပြီး အိပ်ပျော်နေတာကို ငါတွေ့လိုက်ရတယ်။ အဲ့ဒီအချိန်တုန်းက ငါ့မှာ အတွင်းခံကလွဲပြီး ဘာမှမပါဘူး။ သူမနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလို့သာတော်တော့တယ်။ နောက်ထပ်ထပ်မဖြစ်ဖို့ ဂရုစိုက်မှ။ ငါညအိပ်ဝတ်စုံဝတ်ပြီးတာနဲ့ ငါ့သမီးက သူမရဲ့စောင်ကိုကိုင်၊ တိရစ္ဆာန်ကိုပွေ့ချီပြီး အခန်းထဲဝင်လာတယ်။ "ညအိပ်ဝတ်စုံလဲအုံးမှာလား?" သူမကျောင်းဝတ်စုံဝတ်ထားတုန်းဆိုတာမြင်တော့ ငါမေးလိုက်တယ်။ "သမီးဘာမှမဝတ်ဘဲအိပ်မှာ" သူမပြောတော့ ငါသက်ပြင်းချလိုက်တယ်။ သူမအတွင်းခံဝတ်ပြီးအိပ်တော့မယ်။ သူမအပျိုဖော်မဝင်သေးတဲ့အတွက် ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတည်း အခိုင်အမာလုပ်ဖို့တော့လိုတယ်။ "အိုကေ ဒယ်ဒီမီးပိတ်လိုက်တော့မယ်နော် ဘေဘီ" ငါ့အိပ်ယာပေါ်မှာ သူမကိုယ်သူမသက်တောင့်သက်သာရှိအောင်ပြင်နေတာကို ငါမြင်ပြီး ပြောလိုက်တယ်။ ငါပြောပြီးတာနဲ့ မီးပိတ်လိုက်တယ်။ သူမကအလင်းရောင်လေးလိုပဲ။ သူမကိုမနှိုးမိအောင် ဂရုတစိုက်အိပ်ယာပေါ်လှဲချလိုက်တယ်။ သူမအိပ်နေတာလေးကို ငါငေးကြည့်နေမိတာကို တွေ့လိုက်ရတယ်။ သူမနဖူးပေါ်နမ်းလိုက်တယ်။ လွန်ခဲ့တဲ့သုံးနှစ်ကသူမကိုတွေ့ခဲ့တယ်ဆိုတာ ငါမယုံနိုင်ဘူး။ သူမလေးသာငါ့ဘဝထဲဝင်မလာခဲ့ရင် အရင်လိုမျိုးအိမ်မှာပဲ ရှိနေအုံးမှာလို့ ငါထင်တယ်။ အရင်အကြောင်းတွေကိုပြန်တွေးရင်း ငါအိပ်ပျော်သွားတယ်။
![](https://img.wattpad.com/cover/301342131-288-k560880.jpg)
YOU ARE READING
Addopted by the Billionaire(Mm Translation)
RandomI'm not own this story. I'm just a translator. Credits to original author. By the way she's so kind. https://www.wattpad.com/story/223853148?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=PhyuSin809...