Zawgyi
Ellie's POV
Daddyက ရေသွားချိုးတော့မယ်လို့ပြောတော့ ငါဧည့်ခန်းကိုသွားပြီး Max နဲ့ Ruby လို့ခေါ်တဲ့ ကလေးရုပ်သံလိုင်းကိုဖွင့်လိုက်တယ်။ အဲ့ဒါက ယုန်ကလေးနှစ်ကောင် မိဘမရှိဘဲကြီးပြင်းခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Rubyက အခြေခံအားဖြင့် အိမ်စောင့်လိုပါပဲ။အပိုင်းအနည်းငယ်ကြည့်ပြီးနောက်မှာတော့ အ၀တ်အစားလဲဖို့ဆုံးဖြတ်လိုက်တယ်။ လှလှလေးလေးပြင်ပြီး daddyကို surpriseလုပ်ရမယ်။
ငါ့အခန်းကို မြန်မြန်လေးသွား အ၀တ်ဗီရိုအကြီးကြီးရှေ့မှာရပ်ပြီး ဂါဝန်တစ်ထည်ကို ယူထုတ်လိုက်တယ်။
ဝတ်လိုက်တော့ ငါနဲ့ကွက်တိပဲလေ။
ငါအပြင်ထွက်လိုက်ပြီး ဧည့်ခန်းမှာပြန်သွားထိုင်လိုက်ပြီး showကို ဆက်ကြည့်နေလိုက်တယ်။
အဲ့ဒီနောက်တော့ Tom and Jerry ကိုဆက်ကြည့်နေလိုက်တယ်။
အဲ့ဒါက တော်တော်လေးရယ်ရတယ်။
သူတို့က ကိုယ်လုံးတီးဖြစ်နေပေမယ့်လည်း ရေချိုးရင် Jerryက သူ့ခန္ဓာကိုယ်ကို ဖုံးထားတယ်။
ဒါကငါ့အတွက်တော်တော်လေးရီစရာကောင်းတယ်။
Daddy ရေချိုးခန်းထဲကထွက်လာတဲ့အသံတော့မကြားရသေးဘူး။ ငါရဲ့အဝတ်အစားတွေကို သူချီးကျူးပြီး ငါ့ကိုချီလိုက်တယ်။
ငါ့ကိုချီပြီး ဓာတ်လှေကားဆီသွားတာက သူ့ရဲ့လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်နေပြီ။ သူအလုပ်လုပ်တာကိုငါမမြင်ဖူးသေးဘူး။ အဲ့ဒီတော့..... သူ့ရဲ့လုပ်ရိုးလုပ်စဉ်အားလုံးကိုငါမတွေ့ဖူးသေးဘူးလို့ဆိုလိုတာပဲပေါ့။
ငါတို့ ကားပါကင်ကိုသွားလိုက်တော့ အဲံဒီမှာ ကားတွေအများကြီးကိုတွေ့လိုက်ပေမယ့် daddyရဲ့ကားကိုတော့ ငါချက်ချင်းမှတ်မိလိုက်တယ်။
ကားတံခါးက ငှက်ရဲ့အတောင်ပံတွေလိုပွင့်သွားတယ်။ တကယ်လို့မိုးရွာနေရင် အဲ့ဒီအောက်မှာဝင်ခိုပြီး မိုးမစိုအောင်နေလို့ရတယ်။
ငါထိုင်ခုံပေါ်တက်ဖို့မမှီတာကြောင့် daddyကငါ့ကိုချီပြီး အနောက်ခုံပေါ်တင်ပေးလိုက်တယ်။
![](https://img.wattpad.com/cover/301342131-288-k560880.jpg)
YOU ARE READING
Addopted by the Billionaire(Mm Translation)
AcakI'm not own this story. I'm just a translator. Credits to original author. By the way she's so kind. https://www.wattpad.com/story/223853148?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=PhyuSin809...