ထိုအချိန် ဆော့ဂျင်အား လူတစ်ယောက်မှလာဆွဲလေသည်
နမ်ဂျွန်း ''ဟေ့ကောင် မင်းငါဖုန်းခေါ်တာဘာလို့ မကိုင်ရတာလဲဟမ် ဖုန်းကနေ ခြေရာခံပြီးလိုက်လာတော့လဲ ပျက်စီးနေတဲ့ကားကိုပဲ တွေ့လိုက်တာ မင်းတော့တခုခုဖြစ်ပြီဆိုပြီး မျက်လုံးတွေကိုပြာသွားတာပဲ တကယ်လန့်သွားတာကွ အဲ့ဒါကိုသိရဲ့လား တကယ်ပါကွာ မင်းကိုတော့မနိုင်ဘူး မင်းကိုယ်မင်းလွန်လွန်းတယ်လို့မထင်ဘူးလား ဘယ်သွားမယ်ဆိုတာလောက်တော့ ပြောသွားသင့်တယ် မဟုတ်ဖူးလား ဘာလဲ ငါ့ကိုအရေးစိုက်စရာမလိုဘူးလို့ ထင်နေတာလား ပြီးတော့ မင်းကိုယ်မင်းရော သာမန်လူလို့ ထင်နေတာလား ဒီလိုဘယ်သူမှမပါဘဲ တစ်ယောက်ထဲလျောက်သွားနေတာကို လုံခြုံတယ်လို့ ထင်နေတာလား ''ဘာမှပြန်မပြောဘဲ ပြုံးပြီးကြည့်နေတဲ့ကောင်ကြောင့် ဒေါသကပိုထွက်လာရတယ် တကယ်ကို သွေးအေးလွန်းတဲ့ကောင် မတုန်မလှုပ်နဲ့ တကယ်ပါဘဲကွာ ဘယ်လိုကောင်ကို သူငယ်ချင်းတော်ထားမိမှန်းကိုမသိတာပါ ဘာလို့များ သူ့မန်နေဂျာလုပ်ပေးမိမှန်းကိုမသိဘူး
''ဟေ့ရောင် ငါဘာမှမဖြစ်ဖူးလေ ပြီးတော့လဲ မင်းကအလုပ်ရှုတ်နေတာကိုး အဲ့တော့ငါလဲ ဘာမှမပြောတော့တာ မင်းဖုန်းကို ကိုင်မလို့ပဲ ကောင်လေးတစ်ယောက်ကြောင့်ပါကွာ အခုငါနဲ့တွေ့ပြီပဲ စိတ်လျှော့မှပေါ့ ငါ့သူငယ်ချင်းကြီးရာ တော်ကြာနေ ချောမောနေတဲ့ရုပ်လေးကနေ ပါးရေတွေတွန့်လိမ်နေတဲ့ အဖိုးကြီးဖြစ်နေပါအုံးမယ်ကွ ဟားဟား ''
''ပြန်ရအောင်လေထယ်ယောင်းရေ နောက်ကျနေပြီ ပြီးတော့သူတို့လို နာမည်ကြီးတွေနဲ့မပတ်သက်တာပဲကောင်းတယ်ကွာ ပြန်ကြမယ် ''
''အင်း ပြန်ကြတာပေါ့ ''
သူကိုကို့အား နှုတ်ဆက်ချင်သော်လဲ ကိုကိုကဘယ်သူမှန်းမသိတဲ့ အကိုကြီးတစ်ယောက်နဲ့ စကားပြောနေတာကြောင့် မနှုတ်ဆက်ဖြစ်တော့ပဲ အဆောင်သို့ပြန်ရန်သာ ဆုံးဖြတ်လိုက်တော့တယ်
ВЫ ЧИТАЕТЕ
Unconditional Love ( Complete )
Фанфикငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ကင်ထယ်...