Part 26

118 12 1
                                    

<Unicode>

'' ငါတို့ ဆက်ဆံ​ရေးကို ဒီမှာဘဲအဆုံးသတ်ကြရ​အောင် အခုချက်ချင်းပဲ အခုကဘာမှမဆုံးရှုံး​သေးဘူးငါတို့အရမ်းကြီးလဲ မနီးစပ်ခဲ့ကြဘူး​လေ ငါတို့တစ်​ယောက်မရှိဘဲ တစ်​ယောက်ရှင်သန်နိုင်တယ် မင်းကအခု​အောင်မြင်​နေပြီ ထယ်​ယောင်း မင်းမှာအရာအားလုံးရှိတယ် မင်းရဲ့ကိုယ်ပိုင်ဘဝမ​ှာရှင်သန်ပါ ငါ့ရဲ့အကျင့်​တွေကိုငါမထိန်းချုပ်နိုင်​တော့ဘူး ငါ့အနာဂတ်ကို ငါမမှန်းရဲဘူး ငါဘာဖြစ်သွားမလဲဆိုတာ ငါမသိဘူး အဲ့ဒါ​ကြောင့် မင်းကိုဆွဲမထားသင့်ဘူးလို့ ထင်တယ် ဆွဲထားဖို့ကိုငါမလုပ်နိုင်ဘူး ´´

ကိုကို​ပြောသမျှသာ ငြိမ်သက်စွာ နား​ထောင်​နေမိသည် ဘာမှချက်ချင်းကို ပြန်မ​ပြောနိုင်​အောင် ရင်ဘတ်ထဲက နာသည် နှလုံးသားကို အစိမ်းလိုက်ဆွဲထုတ်ခံလိုက်ရသလိုမျိုး ကိုကို့စကားများ​ကြောင့် ​သေမတတ်နာကျင်ရသည်

'' ဒါဆို အဲ့ဒီအကျင့်​တွေကိုမေ့ပစ်လိုက်​ အဲ့ဒါမ​ကောင်းဘူး ကျွန်​တော်ကူညီ​ပေးမယ် ကိုကိုအဲ့ဒီအကျင့်​တွေကို ​ဖျောက်ပစ်ဖို့ ကျွန်​တော်ကူညီ​ပေးမယ် ကျွန်​တော့်ကိုအခွင့်အ​ရေးတခါပဲ​ပေးပါ ´´

'' ငါဘယ်​တော့မှ ထားခဲ့နိုင်မှာမဟုတ်ဖူး ငါ့ကိုသာ ထားခဲ့လိုက်ပါ အဲ့ဒါ​ကြောင့် ငါ​ပြောတာ နား​ထောင် ငါမရှိတာကမင်းပို​ပျော်ရွှင်ရမှာပါ ´´

'' ဆိုလိုတာက ကိုကိုဒီအကျင့်ဆိုး​တွေနဲ့​တော့ ရှင်သန်နိုင်တယ် ကျွန်​တော်နဲ့​တော့မဟုတ်ဖူး​ပေါ့ အဲ့လိုလား ကိုကို ကျွန်​တော်​မေးတာဖြေစမ်းပါ ကိုကိုအချစ်ဆိုတာက​လေ ဟာသတစ်ခုမဟုတ်ဖူး ​နောက်စရာမဟုတ်ဖူး ´´

'' ဒါ​ပေမဲ့ငါ့ဘဝကဒီလိုပဲ​လေ ဒီအတိုင်းပဲသွား​တော့မှာ ´´

'' အဲ့ဒါဆိုဘာလို့ ကျွန်​တော့်ဆီလာခဲ့တာလဲ ကျွန်​တော့ဘဝထဲကို တိုးဝင်ခဲ့တာလဲ ဘာလို့လဲ အစထဲကဝင်မလာခဲ့သင့်ဘူး​လေ ´´

'' ငါက​ရောဝင်လာချင်တယ်ထင်လို့လား ဟမ် အဲ့ဒါ​ကြောင့် ငါ့ကိုထားခဲ့ပြီးထွက်သွား​တော့ ကိုယ့်ဘဝနဲ့ကိုယ်ပဲ​နေ​တော့ ´´

Unconditional Love ( Complete ) Hikayelerin yaşadığı yer. Şimdi keşfedin