part 30

73 15 4
                                    

<Unicode>

တံခါးကိုပိတ်ချပြီး ကိုကိုကငို​နေတယ်​လေ မငိုပါနဲ့ကိုကို ကိုကိုငို​နေရင် ကျွန်​တော်က ဘယ်လိုလုပ် ကြံ့ခိုင်​အောင် ​နေရမလဲ သူ့​ရှေ့ဆို ​တော်ရုံနဲ့မငိုတတ်တဲ့ကိုကိုက အခုလို ရှိုက်သံထွက်တဲ့အထိ ငို​နေတာ​ကြောင့် ရင်ကွဲမတတ်ပဲ

'' ကိုကို တံခါးဖွင့်ပါ ´´

တံခါးအပြင်ဘက်က​နေ သူပါငိုယိုကာ ​က​လေးတစ်​ယောက်လို ​တောင်းဆို​နေမိသည်

'' ​ကျေးဇူးပြုပြီး ´´

တံခါး​ကိုမှီပြီး ထိုင်ချကာ ငို​နေမိသည် ငါဘယ်လိုလုပ်မှ ကလးငယ်က ထွက်သွားမှာလဲ ဒီထပ်ပိုပြီး က​လေးငယ်ကို မထိခိုက်​စေချင်​တော့ဘူး ဒီ​လောက်နဲ့ပဲ ထွက်သွားလိုက်ပါ​တော့ကွာ မဟုတ်ရင် ကိုယ်မင်းကိုထပ်ပြီး ဆွဲထားမိလိမ့်မယ် အဲ့ဒီအခါကျ မင်းပဲထိခိုက်ရမှာ အဲ့လိုမဖြစ်ချင်ဘူး

'' ကျွန်​တော်တို့အားလုံးမှာ အားနည်းချက်ဆိုတာ ရှိကြတာပဲ အ​ကြောက်တရားလဲရှိကြတာပဲ ကျွန်​တော်​ရောပဲ​လေ အဲ့ဒါကဘဝပဲ ​နောက်ပြီး ကျွန်​တော့်ဘဝထဲကို ကိုကို​ရောက်လာခဲ့တယ် ပြီး​တော့ အားလုံး​ပြောင်းလဲပစ်ခဲ့တယ်
ကျွန်​တော့်ကို အရာအားလုံး​ပေးပြီးမှ တစ်​ယောက်ထဲ မထားခဲ့နဲ့​လေ ကျွန်​တော် က်ိုကို့ကိုချစ်တယ် ဒါကိုပဲ ​စောင့်​နေခဲ့တာမလား ဒီမှာ​လေ ကိုကိုကျွန်​တော့်ကို ဖြစ်​စေချင်တဲ့အတိုင်း ဖြစ်​နေပြီ​လေ အနဲဆုံး​တော့ တံခါး​လေးဖွင့်​ပေးပါ ကိုကိုရာ ​ကျေးဇူးပြုပြီး ´´

သူတံခါးဖွင့်ကာ ကြည့်လိုက်​တော့ က​လေးငယ် မျက်လုံး​တွေ​တောင် ငိုရလွန်းလို့ နီရဲ​နေခဲ့ပြီ ကိုယ်မင်းကို ခဏ​လောက်ပဲဖြစ်ဖြစ် ထပ်ဆွဲထားပါရ​စေ​တော့ ကိုယ်နဲနဲ​လောက်ပဲဖြစ်ဖြစ် အတ္တကြီးပါရ​စေ က​လေးငယ်

'' ကိုယ့်ကိုကူညီပါ ​ကျေးဇူးပြုပြီး ကိုယ့်ကိုကူညီပါ ´´

က​လေးတစ်​ယောက်လို ငိုယိုကာ ​တောင်းပန်​နေမိသည် က​လေးငယ်နဲ့ တကယ်​ဝေးသွားလို့မှ မဖြစ်ဘဲ သူတို့နှစ်​ယောက်က စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် လိုမျိုးပဲ တစ်ခြားစီဖြစ်လို့မှ မရတာ တကယ်လို့ တစ်ခြားစီသာ ဖြစ်သွားခဲ့ရင် နှစ်​ယောက်လုံး ​သေဆုံးသွားနိုင်တဲ့ အ​ခြေအ​နေပင်

Unconditional Love ( Complete ) Where stories live. Discover now