<Unicode>
ဘာလိုလိုနဲ့ စတူဒီယ်ိုမှာ ကောင်လေးအသံစသွင်းရတော့မဲ့နေသို့ ရောက်လာခဲ့လေပြီ သူတို့အားလုံး စတူဒီယိုထဲရောက်နေကြပြီဖြစ်သည် သို့သော် ကောင်လေးကတော့ အခုထိ နားနေခန်းထဲမှာဘဲ ရှိသေးသည်
ထယ်ယောင်းကြောက်နေမိသည် တကယ်လို့ သူအသံသွင်းနေရင်း အမှားလုပ်မိသွားရင်ရော ဘယ်လိုလုပ်ရပါ့မလဲ စိတ်ပူလွန်းလို့ ဘာမှတောင် သေချာမစဉ်းစားနိုင်တော့ဘူး အခုက ဘားမှာဆိုသလိုမဟုတ်ဖူး မှားလို့မဖြစ်ဖူး အကုန်စောင့်ကြည့်နေကြမှာ သူတစ်ချက်လောက်မှားတာနဲ့ သူ့ကိုလေ့ကျင့်ပေးခဲ့တဲ့ ကိုကိုအပြောခံရနိုင်သည် ဘယ်လိုလုပ်ရင်ကောင်းမလဲ
ယွန်ဂီတစ်ယောက်စိတ်မရှည်နိုင်တော့ပါ နာရီတကြည့်ကြည့်ဖြစ်နေလေပြီ
'' ဂျင် သူဘယ်တော့ထွက်လာမှာလဲ စောင့်နေရတာ တနာရီရှိပြီ ငါစိတ်မရှည်တော့ဘူး ပြဿနာရှိလို့လား ´´
'' မရှိပါဘူး အစ်ကိုရ ကျွန်တော် သွားခေါ်လိုက်မယ် ခဏတော့စောင့်ပေးပါ ´´
သူနားနေခန်းတံခါးကို ခေါက်လိုက်သည် တံခါးကမှန်တံခါးမို့လို့ အတွင်းထဲကို အကုန်မြင်နေရသည် ဖွင့်ပြီးဝင်မလို့လုပ်တော့ လော့ချထားသည်
'' ကောင်လေး တံခါးဖွင့်ပေးပါအုံး ´´
တံခါးပေါက်ကို ကျောပေးထိုင်နေတဲ့ ကောင်လေး သူ့ဘက်လှည့်လာခဲ့ပြီး တခါးနားထိရောက်လာခဲ့သည်
'' ထွက်ခဲ့နော် လုပ်ပါ ´´
'' ကျွန်တော်မဆိုနိုင်ဘူး ´´
တံခါးဖွင့်မပေးသေးဘဲ ခေါင်းငုံ့ထားကာ ပြောလာသည်
'' ကောင်လေး ကိုယ်တို့အားလုံးထိတ်လန့်ကြတာပဲလေ ကိုယ်လဲဖြစ်ခဲ့တာပဲ ကိုယ့်တုန်းကဆို စတူဒီယိုကနေကို ထွက်ပြေးခဲ့တာ မင်းလုပ်နိုင်ပါတယ် ´´
'' မဟုတ်ဖူး ကျွန်တော်မလုပ်နိုင်ဘူး ဘားနဲ့ကမတူဘူး ဘားမှာအမှားလုပ်လို့ ဘာမှမဖြစ်ဖူး ဒါပေမဲ့ ဒီမှာက .....´´
VOCÊ ESTÁ LENDO
Unconditional Love ( Complete )
Fanficငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ကင်ထယ်...