part 34 ( final )

238 14 9
                                    

<Unicode>

ကား​မောင်း​နေရင်းနဲ့ က​လေးငယ်အ​ကြောင်း စဉ်းစား​နေမိသည် ကိုယ့်ရဲ့​မှောင်မိုက်​နေတဲ့ဘဝထဲကို အလင်း​ရောင်​လေး ယူ​ဆောင်လာ​ပေးခဲ့တဲ့မင်းဟာ ကိုယ့်အတွက်​တော့ တန်ဖိုးဖြတ်မရတဲ့ လူတစ်​ယောက်ပါ

တကယ်​တော့ ကိုယ်က တစ်စတစ်စနဲ့ ​ပျောက်ကွယ်သွား​တော့မဲ့ ည​နေခင်း​လေးဆိုရင်​တောင်
မင်းက​တော့ အခုမှ စတင်​ပေါ်ထွက်လာမဲ့ အာရုဏ်ဦးအသစ်​ပေါ့
အဲ့ဒါ​ကြောင့် အမြဲထွန်းလင်း​တောက်ပ​နေရမယ်​နော် ကိုယ့်ရဲ့ အဖြူ​ရောင်​လေး

က​လေးငယ် ကိုယ်မင်းကို သိပ်ချစ်တယ်​နော်
ကိုယ့်အသက်ထက် ပိုပြီး​တော့ကို ချစ်တာပါ
အဲ့ဒါ​လေးကို​တော့ အကြွင်းမဲ့ ယုံကြည်​ပေးပါ​နော်

တံတား​​​ဘေးမှာ သူ့ကားကို ရပ်ထားခဲ့ကာ တံတား​ပေါ်ကို ​ခြေကျင်ပဲ ​လျှောက်လှမ်းလာခဲ့​တော့သည် ပြီး​တော့ တံတား​ဘောင်​ပေါ်တက်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး သူ့ဘဝရဲ့​နောက်ဆုံး​နေ​ရောင်ခြည်​လေးကို မျက်စိမှိတ်ပြီး ခံစားလိုက်ကာ ခန္ဓာကိုယ်ကို ​လေထဲမှာ ပျံသန်း​စေလိုက်သည် ခဏတာပျံသန်းပြီးတဲ့​နောက် သူ့ခန္ဓာကိုယ်​​လေးကို ကြည်လင်သန့်ရှင်း​နေတဲ့ မြစ်​ရေ​အောက်ကို ပို့​ဆောင်လိုက်ပြီး စိတ်ဝိညာဉ်က​တော့ က​လေးငယ်စီမှာ ထားခဲ့လိုက်ကာ ကျန်ရှိ​နေတဲ့ ဘဝခရီးကို ဆက်လက်ဖြတ်သန်းလိုက်​တော့သည် ​ပျော်ရွှင်ပါ​စေ က​လေးငယ်

တံတား​ဘေးက ကိုကို့ကား​လေးဆီကို ​ပြေးလာခဲ့မိသည် အစ်ကိုယွန်ဂီ​က​တော့ရောက်နှင့်​နေပြီ ဖြစ်ပြီး ရဲများနှင့် စကား​ပြော​နေ​လေသည် ကိုကို့ကားကိုကြည့်ကာ သူချက်ချင်းပဲ ထို​နေရာက​နေ လှည့်ထွက်လာခဲ့လိုက်​တော့သည်

'' ထယ်​ယောင်း သား​လေး နား​ထောင်ပါ ထယ်​ယောင်း ဘယ်သွားမလို့လဲ မသွားနဲ့​လေ နား​ထောင်အုံး ´´

သူ့အားလိုက်ဆွဲ​နေတဲ့ အ​မေနဲ့အ​ဖေ့လက်ကို ​ဒေါသတကြီး ဆွဲဖြုတ်​နေမိသည်

'' ဘယ်သွားမလို့လဲ ´´

​အ​မေတို့ကို ထားခဲ့ကာ ကိုကို့ကွန်ဒိုဆီ လိုက်သွားမိသည် ဧည့်ခန်းထဲက ကိုကို့ဓာတ်ပုံက သူ့ကို​လှောင်​နေသလိုပဲ ကိုကို့ပုံအား သူ​သေချာစိုက်ကြည့်​နေမိသည်

Unconditional Love ( Complete ) Donde viven las historias. Descúbrelo ahora