<Unicode>
ဒီနှစ်လလုံးလုံးမှာ ငါကသက်သက်မဲ့ အချိန်ဖြုန်းနေခဲ့မိတာပဲ လုပ်ရက်လိုက်တာ ကျွန်တော်က ကိုကို့ကိုသိပ်ယုံခဲ့တာဗျ ဂျီမင်းပြောတဲ့စကားကို နားထောင်ခဲ့သင့်တာ ကျွန်တော်ကိုက ရူးမိုက်တာပါ အခုမှစတွေ့တဲ့လူတယောက်ကို ယုံမိတဲ့ ငါပဲမှားတာပါ အားလုံးဟာ ငါ့အမှားပဲ
''ဟယ်လို ဂျီမင်းလား ငါ့ကိုတခုလောက် ကူညီပါအုံးကွာ ငါအလုပ်တခုလောက်လိုချင်လို့ မင်းအသိဆိုင်မှာပဲဖြစ်ဖြစ်ပြောပေးပါလား အရေးကြီးလို့ပါ ကူညီပါကွာနော် ´´
''မင်းပဲပြောတော့ အလုပ်ရတော့မှာဆို ဘယ်လိုဖြစ်တာလဲ နှစ်လတောင်ရှိပြီကို အခုထိအလုပ်က မရသေးဘူးလား ဟိုလူကြီးကရော မကူညီဘူးလား သူနဲ့ရော အဆက်အသွယ်မရဘူးလား ´´
''ထားလိုက်ပါတော့ကွာ သူ့အကြောင်းမပြောနဲ့တော့ အရေးကြီးတာက ငါအလုပ်ရဖို့ပဲ ငွေလဲအရမ်းလိုနေလို့ပါ လုပ်ပါကွာနော် ကူညီပေးပါ ´´
''အင်းပါ ငါအသိတယောက်စီမှာ ပြောပေးမယ်နော် ဘာမှစိတ်မပူနဲ့တော့ မင်းအလုပ်ရစေရမယ်ကွာ ငါ့ကိုယုံလိုက်တော့ မင်းအလုပ် သေချာပေါက်ကိုရမှာပါ မင်းကတော်ပြီးသားပဲလေကွာ ´´
''omm မင်းရှိနေလို့ပေါ့ မဟုတ်ရင် ငါဘာလုပ်ရမှန်းကိုသ်ိမှာ မဟုတ်ဖူး တကယ်ကို ကျေးဇူးတင်တယ်ကွာ တကယ်ပါ ´´
''မင်းကလဲ ငါတို့ကြားမှာ ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ အချင်းချင်းတွေဘဲ ပြီးတော့ မင်းဟိုလူကြီးကို မဆက်သွယ်ဘူးလား မင်းပဲ မင်းမှာ သူ့လိပ်စာရှိတယ်ဆို သွားမတွေ့ဘူးလား ´´
ဂျီမင်းကသာပြောဆိုနေပေမဲ့ ထယ်ယောင်းဆီမှ ဘာစကားသံမှ ထွက်မလာခဲ့ပေ ရှိုက်သံသဲ့သဲ့သာပေါ်ထွက်လာခဲ့တော့လဲ စိတ်ပူရပြန်သည်
ဒီကောင်လေးက အပြင်ပိုင်းကကြည့်ရင် မာကျောတယ်ထင်ရပေမဲ့ အတွင်းစိတ်မှာတော့ တကယ့်ကို နူးညံ့လွန်းတာ သူတယောက်သာသိသည်မဟုတ်လား တကယ့်ကို အဖြူထည်လေး
အဲ့ဒါကြောင့်သူ ထိုလူကြီးကိုမယုံဖို့ တားခဲ့တာလေ အခုလိုဖြစ်မှာစိုးလို့ ဖြူစင်လွန်းတဲ့ သူ့နှလုံးသားလေး ဒဏ်ရာရသွားမှာစိုးလို့ အဲ့လိုမဖြစ်ဖို့ကို သူအတတ်နိုင်ဆုံးကြိုးစားပေးခဲ့ပေမဲ့လဲ အချည်းနှီးသာ
YOU ARE READING
Unconditional Love ( Complete )
Fanfictionငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ကင်ထယ်...