part 6

185 22 0
                                    

<Unicode>
''ထယ်​ယောင်း​ရေ အိပ်​တော့​နော် ငါလဲအိပ်​တော့မယ် good night ´´

''omm ဂျီမင်း good night ´´

''​ဟေ့​ရောင် တကယ်အိပ်​တော့​နော် ဟိုလူကြီးကို​စောင့်မ​နေနဲ့​တော့ ​လျှောက်​ပြောတာပဲ​နေမှာ သူတို့လိုလူ​တွေကမယုံရဘူး အထူးသဖြင့် နာမည်ကြီးတဲ့သူ​တွေ ´´

''​ မင်းကလဲကွာ အေးပါ ငါမ​စောင့်ပါဘူး အိပ်​တော့မှာပါ´´

sorry သူငယ်ချင်း မင်းကိုမလိမ်ချင်ပါဘူး ဒါ​ပေမဲ့ ငါ့နှလုံးသားက​တော့ သူ့ကို​စောင့်ဖို့​ပြော​နေတာမို့လို့ပါ ငါခဏ​လောက်​လေးပဲ​စောင့်မှာပါ

ထယ်​ယောင်းတစ်​ယောက်မအိပ်နိုင်ဘူးဖြစ်​နေတယ် အခုကို ၄နာရီထိုး​နေပြီ ကိုကိုကတကယ်လာပါ့မလား ငါ့ကိုညာ​နေတာ​နေမှာပါ တကယ်ဘယ်လာပါ့မလဲ သူကနာမည်ကြီးအဆို​တော်တစ်​ယောက်ပဲ​လေ ငါအိပ်လိုက်တာပဲ​ကောင်းတယ် ဒါမှမဟုတ် ထပ်​စောင့်လိုက်ရမလား

''​ရောက်ပြီ မင်း​ကောင်​လေးဆီ​ရောက်ပြီ ​သေချာလို့လားကွာ တိတ်ဆိတ်​နေတာပဲ ဘယ်သူမှရှိမယ့်ပုံလဲမ​ပေါ်ဘူး ဟုတ်မှလဲလုပ်​နော် လိပ်စာအမှား​ပေးလိုက်တာဖြစ်မယ် ဟား ဟားးးး  မင်း​တော့အညာခံလိုက်ရပြီထင်တယ် ´´

​''တိတ်စမ်း ဒီ​နေရာဟုတ်ပါတယ် ငါသိ​နေတယ် ​ကောင်​လေးငါ့ကိုမလိမ်​လောက်ပါဘူး ဟိုမှာ မီး​ရောင်​လေးရှိ​သေးတယ်​တွေ့လား ငါ​လှမ်း​ခေါ်ကြည့်လိုက်မယ်´´

သူ့အား လက်ညှိုးတထိုးထိုးနဲ့ ​လှောင်ပြုံးပြုံးကာ ​ရယ်သံကြီးနဲ့​ပြောဆို​နေ​သော နမ်ဂျွန်းကို ပိတ်အော်ပစ်လိုက်သည် မဟုတ်လို့က​တော့ သူ့ကိုဘယ်အချိန်ထိ ခနဲ့နေမယ်မသိ

''ဟုတ်ရင်ပြီးတာပဲကွာ လုပ်ချင်တာသာလုပ်​တော့ ´´ ငါလဲကား​ပေါ်က​စောင့်​နေတာပဲ ​ကောင်းတယ်

''​ကောင်​လေး​ရေ ​ကောင်​လေး ကိုယ်​ခေါ်နေတာကြားလား ​ကောင်​လေး မင်းမအိပ်​သေးဘူးမှတ်လား ခြံတံခါးလာဖွင့်​ပေးပါအုံး ´´

အမ် ဘယ်သူ့အသံလဲ ကိုကိုများလား သူခန်းဆီးစကိုဖယ်ကာ လှမ်းကြည့်လိုက်​တော့ တကယ်ပဲ​ဆော့ဂျင်ဖြစ်​နေ​လေသည် ကိုကိုတကယ်လာတာပဲ မလာ​တော့ဘူးထင်​နေတာ

Unconditional Love ( Complete ) Место, где живут истории. Откройте их для себя