<Unicode>
မပြီးဆုံးသေးသည့်စကားအား ပြန်စရန်ပြင်လိုက်သည် ကောင်လေးနဲ့တွေ့မှ တခါမှမဖြစ်ဖူးတာတွေချည်းပဲ တန်းစီဖြစ်နေတော့သည် အခုလဲ စကားပြောရမည်ကို ဘယ်ကနေဘယ်လို စပြောရမှန်းမသိ ဖြစ်နေပြန်ပြီ ဒါသူ့ဘဝမှာ ပထမဆုံးအကြိမ် လူတယောက်ကို စကားပြောရမှာကြောက်မိခြင်း စကားထဲမှာအမှားပါသွားပြီး ကောင်လေးငြိုငြင်သွားမှာကို သူသိပ်ကြောက်ပါသည် ဘဝမှာ ဘယ်သူ့ကိုမှဂရုမစိုက်ပဲ နေချင်သလိုနေလာခဲ့တဲ့ ကင်ဆော့ဂျင်ဆိုတဲ့သူက မျက်စိရှေ့မှာရှိနေတဲ့ သက်ရှိကြွေရုပ်လေး တစ်မျိုးထင်သွားမှာကို သေရမှာထက်ပင် ကြောက်ပါသည်
'' ဘယ်လိုပြောရမလဲကွာ သိတယ်မလား ကိုယ်ပြောချင်တာကလေ ´´
သူ့စကားအား စိတ်အားထက်သန်စွာ နားထောင်နေတဲ့ကောင်လေးကြောင့် သူပြန်ပြီး အားတက်လာခဲ့သည်
'' ကောင်လေး မင်းမှာ ပါရမီရှိတယ် မင်းအသံကလေတကယ်ကိုထူးခြားတာကွာ
ငါ့သီချင်းကို ငါ့ထက်ကောင်းအောင် ဆိုနိုင်မယ့်သူ ဒီကမ္ဘာမှာ မရှိဘူးလို့ပဲ အမြဲတွေးထားခဲ့တာ
အခုတော့မင်းက ငါ့ထက်ပိုတော်ကြောင်း ငါ့သီချင်းကို ငါ့ထက်ပိုကောင်းအောင်ဆိုနိုင်ကြောင်းကို သက်သေပြန်ိုင်ခဲ့တာပဲ
မင်းလိုလူမျိုးကလေ အစကထဲက အဲ့လိုနေရာမျိုးမှာ ရှိကိုရှိမနေသင့်ခဲ့တာ
မင်းကကမ္ဘာပေါ်က အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ ပိုင်ဆိုင်သင့်တဲ့လူစားမျိုး
မင်းကသာ ဆန္ဒရှိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကို မင်းခြေဖဝါးအောက်ရောက်လာအောင် ကိုယ်လုပ်ပေးနိုင်တယ်
မင်းလုပ်ရမှာက ကိုယ်ဘာပြောပြော ခေါင်းလေးတစ်ချက်ညိမ့်လိုက်ရုံပဲ
ကိုယ်နဲ့အတူတူ ကမ္ဘာကြီးကို အုပ်စိုးမလား ဒါမှမဟုတ် မင်းအရည်အချင်းက်ိုအသိအမှတ်မပြုတဲ့နေရာမှာပဲ ဆက်နေမလား
အခုကနေစပြီးတော့ အရာအားလုံးက မင်းလက်ထဲမှာဘဲရှိတာမို့လို့ မင်းကရွေးချယ်လိုက်ရုံဘဲ သေချာစဉ်းစားပေါ့ကွာ ကိုယ်ပြောတာနားလည်တယ်မလား ´´
ESTÁS LEYENDO
Unconditional Love ( Complete )
Fanficငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ကင်ထယ်...