part 16

127 18 0
                                    

<Unicode>

​နေ့​တွေက​နေကမှတဆင့် လကုန်လို့​နောက်လဝက်သို့​ရောက်လာခဲ့​​သော်လဲ အစ်ကိုက​တော့ အခုထိ​ပေါ်မလာခဲ့ပါ အိမ်​ရှေ့က​နေ ကားဟွန်းသံကြားတိုင်း သူထွက်ကြည့်ရတာအ​မော​ပေါ့ ကိုကိုများ သူ့ကိုလာ​ခေါ်လေသလားအမှတ်နဲ့ တကယ်တမ်းကျ​တော့ ​မျှော်သာ​မျှော်​နေခဲ့တာ ကိုကိုက​တော့ ​ပေါ်မလာခဲ့ပါ ဂျီမင်း​တောင် အခုဆိုအိမ်ပြန်​ရောက်​နေခဲ့ပြီ​လေ

ဂျင်သတိပြန်ရလာ​တော့ ဖြူလွှလွှမျက်နှာကျက်နဲ့ ​ဆေးနံ့​တွေမွှန်ထူ​နေတဲ့အခန်းတစ်ခုထဲ​ရောက်​နေ​လေပြီ ဘာ​တွေလဲ အခုက​ရောဘယ်​နေရာလဲ နမ်ဂျွန်းက​ရောဘယ်​ရောက်​နေတာလဲ ဘာလို့ငါ့နားမှာတ​ယောက်မှမရှိရတာလဲ ငါ​သေသွားတာများလား အ​တွေးများက​တောင်​ရောက် ​မြောက်​ရောက်နဲ့ သူဂဏာမငြိမ်​တော့ပါ ​နောက်ဆုံးမှတ်မိတာက သူဖုန်းကိုင်မလို့လုပ်နေတာ ဖုန်းဆက်တ​ဲ့သူက ​ကောင်​လေးများလား

''​ဒေါက်တာ သူဘယ်​တော့​လောက် သတိရလာမလဲဗျ နှစ်လ​တောင်ရှိပြီ သတိရသင့်​နေပြီကို ´´

''အဲ့ဒါ​တော့​ပြောလို့မရဘူးဗျ ဒဏ်ရာ​တွေကပြင်းတယ် ပြီး​တော့နံရိုး​တွေလဲကျိုးသွား​သေးတယ်​လေ သူ့ကိုပြန်​တွေ့​တော့ ​သွေးထွက်လွန်​နေပြီ သူမ​သေတာ​တောင် ​တော်​တော်​လေးကံ​ကောင်းတယ်​ပြောရမယ် သိပ်​တော့စိတ်မပူပါနဲ့ ကျွန်​တော်တို့လဲ အ​ကောင်းဆုံး ကြိုးစားထားပါတယ် မကြာခင် ပြန်​သတိရလာမှာပါ လာပါ သူ့ကိုသွားကြည့်ရ​အောင်​လေ´´

''ဟုတ်ကဲ့ပါ ´´

​''လူနာကသတိရ​နေပြီပဲ ဘယ်လိုလဲ ​နေရတာအဆင်​ပြေရဲ့လား ​ခေါင်း​တွေဘာ​တွေမူး​သေးလား ခံစား​နေရတာ​လေး​တွေ ​ပြောပြပါအုံး ´´

''အခု​တော့အဆင်​ပြေပါတယ် ´´

''နားလိုက်အုံး​နော် ´´

''ဟုတ် ´´

'' ဂျင် ဘယ်သူ​တွေလဲ မှတ်မိလား ပြီး​တော့ ငါတို့မှာ သက်​သေမရှိဘူး အဲ့​တော့ ဘာမှမသိရပါဘူးကွာ ဒါ​ပေမဲ့ ငါကျိန်​ပြောရဲတယ်ဂျင်ရာ ဘယ်သူပဲဖြစ်ဖြစ် ​တွေ့​အောင်ရှာမယ် သူဘယ်သူပဲဖြစ်ဖြစ်ငါရှာမယ် ´´

Unconditional Love ( Complete ) Where stories live. Discover now