Part 1(uni/zawgyi)

115K 1.2K 13
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~
အပိုင်း(1)

'"တီ တီ တီး🚗🚗🚗"
ကားဟွန်းကို သုံးချက်လောက်တီးလိုက်တော့ ခြံစောင့်ဦးဖိုးဒေက ဖွင့်ပေးလိုက်ဟန်တူသည်....

"The SHINN House"

ရှင်းစံအိမ်ကို ကျန်းမာရေးနဲ့ပက်သက်၍အမြဲ၀င်ထွက်နေကြဆိုပေမယ့် ရောက်လာတိုင်းလည်း စံအိမ်ရဲ့ ရှုခင်းတွေကို အမြဲကြည့်မ၀နိုင်ဖြစ်နေရသည်....သစ်ရိပ်၀ါးရိပ်တွေနဲ့အေးစိ့မ်နေကာ သက်ကြီးပင်အရိပ်ရပင်များကို အစီအရီစိုက်ပျိုးထားယုံမက သခင်မကြီးထိပ်ထားစံရဲ့ အလှပန်းပင်များဟာလည်း သူ့နေရာနဲ့သူ မျက်စိပဒေသာဖြစ်ကာတင့်တယ်လှသည်...ခြံထဲကသစ်ပင်ပန်းမာန်တွေနဲ့အပြိုင် လှနေတာကတော့ အဖြူရောင်ရဲတိုက်သဏ္ဌာန် သုံးထပ်တိုက်ကြီးက ကျက်သရေရှိလွန်းလှသည်.....

~~~~~~~~~~~~~~~~~~
"ဥက္ကဌကြီးရဲ့ BL Pressureတက်နေတာပါ..
ကျွန်တော်အမြဲပြောပါတယ်ဥက္ကဌကြီးကိုအလုပ်တွေနားနားနေနေလုပ်ပါ အများကြီးမတွေးပါနဲ့ brainကိုအမြဲ freshဖြစ်နေအောင် stressကိုလျော့ချပါ မဟုတ်ရင် ဥက္ကကြီးရဲ့ကျန်းမာရေးကရုတ်တရက်ထိခိုက်လာနိုင်တယ်......."

"အကိုရယ် နားနားနေနေလည်းလုပ်မှပေါ့ ရှိသမျှ The SHINN Groupရဲ့ အရာရာမှန်သမျှ အကိုဘဲစီမံနေရတော့ အကိုဘဲပင်ပန်းတာပေါ့"

ဟော ပြောတတ်ပါပေ့မိန်းမရယ် သားနှစ်ယောက်ရှိပါတယ် သားကြီးဟန်ရှင်းနိုင်က အသက်ကသာ၃၀ကျော်နေပြီ အိမ်မှာမိန်းမနဲ့ကလေးနှစ်ယောက်အဖေဖြစ်နေပြီ အပြင်မှာလည်း  မယားငယ်ထားကာ မယားငယ်နဲ့ကလေးထပ်နှစ်ယောက် မိန်းမနှစ်ယောက်နဲ့ဗျာများနေကာ သူ့လုပ်ငန်းကိုကူဖို့နေနေ သူအရှုပ်တွေလိုက်ရှင်းပေးနေရတာဘဲ စိတ်မောလူမော.....

သားငယ် ညီရှင်းထွယ်ကတော့ အသက်က၂၄နှစ်ရောက်ပီ လန်ဒန်မှာ ဆယ်ကျော်သက်တည်းက ကျောင်းသွားတတ်ကာအခုဘွဲ့ရပြီးနေတာတောင် မြန်မာပြည်ပြန်မလာသေးဘဲ ဟိုမှာဘဲ Clubတက်လိုက် ပျော်ပါးလိုက်နဲ့ မရင့်ကျက်သေး....

ဒီမနက်ဘဲ လန်ဒန်ကလူယုံတော်ကဖုန်းဆက်ကာ သားငယ်ရဲ့ သတင်းတွေ အဖြူမလေးတွေနဲ့ရည်းစားထည်လည်းတွဲကာ Clubညစဥ်တွေတက်ကြောင်း အစီရင်ခံလို့ စိတ်တွေညစ်ကာ သွေးတက်သွားပုံထောက်သည် အားမကိုးရသေးတဲ့ သားနှစ်ယောက်နဲ့အတော်ဘဲ ရင်မောနေတဲ့ ဥက္ကဌကြီး ရန်ရှင်းအောင်တစ်ယောက်တော့ သက်ပြင်းများသာအထပ်ထပ်အခါခါချမိတော့သည်......
ထိုစဥှ
"Ring Ring Ring📱📱📱📱📱📱"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now