part 38(uni/zawgyi)

16.9K 482 32
                                    


🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~~
အပိုင်း (38)

လူနာလာကြည့်ကြတဲ့လူတွေကလည်းဦးရန်ရှင်းအောင်ပုံစံကိုကြည့်ကာယူကျုံးမရဖြစ်ကြလေသည်....

အဆိုးဆုံးကတော့ ဒေါ်ခင်ခင်လေးဖြစ်ကာ ကိုယ့်အကိုအခြေအနေကိုကြည့်ကာ ၀မ်းနည်းမဆုံး.....

ရာရာနဲ့ ကိုနဲ့ အခန်းဘက်ကိုပြန်လာတော့ ထိုက်တန်ထွန်းကအနောက်ကလိုက်လာလေသည်.....

"ရာရာ နဲ့ထွယ် ငါပြောစရာရှိလို့"

"ပြီးခဲ့တဲ့ဖြစ်ပြီးတဲ့ကိစ္စတွေ ငါ့မိဘတွေမသိဘူး အန်တီထားငါ့ကို အိမ်ပေါ်ကမောင်းချတာကောဘဲ ဒါကြောင့်ဘာမှ မဟပါနဲ့လား အခုချိန် ဒီကိစ္စတွေပြန်ပေါ်လာလို့ဘာမှလည်းမထူးဘူးလေ"

သူပြောတာကိုရာရာနဲ့ကိုနဲ့ ခေါင်းဘဲညိတ်ပြလိုက်လေသည်.......

ညီရှင်းမျက်စိက ထိုက်တန်ထွန်းလက်က ပတ်တီးစီးထားသောဒဏ်ရာပေါ်ကိုအကြည့်ရောက်သွားလေသည်......

"မင်း လက်ကဘာဖြစ်တာလဲ"

"ဘာရယ်မဟုတ်ပါဘူး အသေးစားထိခိုက်မှုပါ"

"အော် ဆေးသေချာထည့်လေ အန်တီစိုးဆီမှာဆေးသေတ္တာရှိတယ်"

"အင်း"

~~~~~~~~~~~~~~~~~~~~~~~

"ကို ခဏမနားတော့ဘူးလား"

ကိုက အခန်းပြန်ရောက်နေတာတောင် Fileတွဲတွေ နဲ့အလုပ်ရှုပ်နေပြန်သည်.....

ကိုဟန်တစ်ယောက်တည်းအလုပ်တွေပုံနေပြီ Dadဆေးရုံကဆင်းပြီဆိုတော့ ကိုပါဝင်ရတော့မယ်လေ ကိုယ်တို့ The Shinn groupကို Dadလက်ထပ်ကအတိုင်း မယိုယွင်းသွားအောင်ထိန်းထားရမယ်.....

"ဟင့်အင်း ရာရာ ယုံတယ် လေးလေးရန်ထက် ကိုတို့လက်ထဲမှာ The Shinn groupကပိုတိုးတက်လာမယ်ဆိုတာ"

ကုတင်းစွန်းမှာထိုင်နေတဲ့ညီရှင်းထွယ်က အောက်ကြမ်းပြင်မှာထိုင်ချလိုက်ကာ ရာရာခါးကိုဖက်ပြီး ပေါင်ပေါ်ခေါင်းတင်ကာအိပ်ချလိုက်သည်......

"အမြဲ ကိုယ့်ဘေးမှာအဲ့လိုရှိနေပေးနော် Bunny"

"အင်း ကိုယ်လိုနေသမျှ ရာရာဘေးမှာရှိနေပေးမှာ စိတ်ချ"
~~~~~~~~~~~~~~~~~~~~
မနက်ဆိုအလုပ်မသွားခင် Dadကိုဝင်နှုတ်ဆက်ဖို့ ညီရှင်းထွယ်Dadရှိရာဆီ ကိုဟန်နဲ့အတူဝင်လာခဲ့သည်......

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now