part 11 (uni/zawgyi)

22.2K 576 11
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~
အပိုင်း(11)

အခန်းထဲရောက်လာတော့သူမက သူ့အင်္ကျီနဲ့ဘောင်းဘီကိုချွတ်ထားကာညကသူမရဲ့ဂါ၀န်ကိုပြန်၀တ်ထားသည်.......

အမှတ်မထင်ဘီရိုကိုလှမ်းကြည့်လိုက်တော့ သူ့အ၀တ်အစားတွေဟာဖရိုဖရဲတွေဖြစ်ပြီးပွရှုပ်နေတာကိုတွေ့လိုက်ရသည်.....

မသင်္ကာလို့ရေချိုးခန်းထဲကိုသွားကြည့်လိုက်တော့ ရေချိုးခန်းအပြည့်သူရဲ့အ၀တ်အစားတွေအကုန် ရေစိုနေလျက်.......

"ခေတ်တစ်ရာခင်"

"ဘာလဲ"

"မင်းလက်ချက်မဟုတ်လား "

"သိနေရင်မမေးနဲ့လေ"

"မင်း"

"ကျွန်မကိုရန်လာမစနဲ့ညီရှင်းထွယ် ရှင်အနိုင်ကျင့်တာခံမယ့်အထဲကျွန်မမပါဘူး"

စွာလိုက်တာများကပ်ကပ်ကိုလန်နေတဲ့ယုန်ဖြူမ.....

ဘီရိုရှေ့ပွရှုပ်နေတဲ့အ၀တ်အစားတွေကြားထဲ အဖြူရောင်ပန်းစည်းလေး......

ဒီပန်းစည်းကိုမြင်တော့ ပိုပြီးစိတ်တွေတိုလာကာ ကိုဧဒင်ရဲ့Weddingကိုသွားမိတာနောင်တတွေရမိသည်.....

အဲ့တုန်းကပန်းစည်းလက်ထဲရောက်လာတော့ထူးအိမ်လွင်ရဲ့ မင်းတော့မကြာခင်မင်္ဂလာဆောင်ရတော့မယ်စကားက အခုတော့ တကယ်ကြီး မိန်းမရသွားခဲ့ပါလား......

"သား မနက်ဖြန် သားနဲ့သမီးကို Party တစ်ခုဒယ်ဒီလုပ်ပေးမယ် ရန်ကုန်က လူတွေသားမင်္ဂလာဆောင်တာမသိကြသေးဘူး အဲ့ဒါပွဲလေးတစ်ခုစီစဥ်ထားတယ် သားနဲ့သမီးပြင်ဆင်ထားလိုက် ရော့ ဒီမှာဖိတ်စာ သားဖိတ်ချင်တဲ့လူတွေဖိတ်"

Dadကတော့ချွေးမနောက်တစ်ယောက်ထပ်ရတာတော်တော်ပျော်နေတဲ့ပုံ ပွဲတော်တော်လုပ်ချင်နေတဲ့ပုံ........

~~~~~~~~~~~~~~~~~~~~

"CEO ဧည့်သည်တစ်ယောက်ကတွေ့ချင်လို့တဲ့ ညီရှင်းထွယ်လို့ပြောပါတယ်'"

"ကိုယ့်မိတ်ဆွေပါ ၀င်လာခိုင်းလိုက်"

"ဟုတ်ကဲ့ CEO"

အတွင်းရေးမှူးဆီကCEOစောင့်နေပါတယ် ၀င်တွေ့လို့ရပြီဆိုတော့ညီရှင်းထွယ် အခန်းထဲ၀င်တော့ ချောကလက်ရောင်ရှပ်အင်္ကျီကိုလက်ခေါက်တင်ထားကာ အဖြူရောင်စတိုင်ပင်နဲ့ CEOဧဒင်မင်းမော်ဟာ ချောမောခန့်ညားနေတဲ့ပုံရိပ်က ယောကျာ်းချင်းတောင်ငေးယူရသည်......

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now