part 13 (uni/zawgyi)

21.2K 581 6
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~
အပိုင်း (13)

ဘောလုံးပွဲမှာအသံကြားနေရတာတော့ ခေတ်တစ်ရာခင်ရဲ့အသံကြီးသားဖြစ်သည်...

"ဟော yellow card မယုံရင်ကြည့်လိုက် "

"လီဗာပူးလ်ဘက်က ခြေပ ဂိုး သွင်းရလိမ့်မယ်"

"ဟာ ဒါသက်သက် ဖောင်းတာ"

သူမရဲ့သုံးသပ်ချက်တွေရဲ့ခန့်မှန်းမှုအတိုင်းပွဲစဥ်ကလှုပ်ရှားနေတော့ ကိုဟန်အပါအ၀င်သူငယ်ချင်းငါးယောက်ရဲ့အလယ်မှာ လုံး၀ကိုဆရာမကြီး......

"မရီး မရီးကတကယ်တော်တယ်ဗျာ"

"ဟုတ်တယ် ရာရာကဘောလုံးပွဲအကြောင်းတော်တော်သိတာဘဲနော်"

"သိတာပေါ့ကိုဟန်ရဲ့ မန်းလေးမှာဆိုရာရာက အကို၀မ်းကွဲတွေနဲ့ဘောလုံးပွဲစုပြီးကြည့်နေကြ"

"ဟား မိုက်တယ်ဗျာ မရီးက"

"ထွယ် မင်းမိန်းမရကံကောင်းတယ်ကွာ ဘောလုံးပွဲကို မင်းနဲ့အတူအားပေးမယ့်မိန်းမရထားတယ် ငါ့တို့စော်တွေဆို အားကိုမကိုးရဘူး သူတို့လှဖို့စားဖို့ဘဲ၀ါသနာပါတယ်"

သျှမ်းထက်ရဲ့အပြောကို ရာရာကမြောက်ကြွကြွ ရုပ်နဲ့ မေးပွတ်ပြကာ ညီရှင်းထွယ်ကို ခပ်ထေ့ထေ့လှမ်းကြည့်နေသည်....

ဒီကောင်တွေတော့ အရူးဘုံမြောက်လုပ်နေကြတော့တာဘဲ.....

တစ်ဖန် သူမတို့အုပ်စုက ဘောလုံးပွဲထဲ စျာန်၀င်ကြပြန်ကာ သူကတော့ ပန်းကန်ထဲတစ်ခုထဲသာကျန်တော့တဲ့ ကြက်သားပြားလေးအခုနတည်းကဟိုကောင်တွေစားနေတည်းကအရမ်းစားချင်နေခဲ့တာ သူမကကြည့်နေလို့ မစားဘဲနေပြနေရတာ သရေတွေသာမြိုချနေရသည်.....

အားလုံးက အာရုံများနေခိုက် သူကတော့ ကြက်သားပြားကို တစ်သျူးနဲ့လှမ်းအုံ့ကာ ယူပြီး အခန်းပြင်ကိုထွက်သွားလိုက်သည်....

ကြက်သားပြားလေးကို အနံ့လေးရှုကာ စားဖို့လုပ်နေခိုက်....

"အကင်က ဆော့စ်ပါမှ ပိုအရသာရှိတာနော်"

ဆော့စ်ခွက်ကိုကိုင်ကာသူ့အနားကိုလျှောက်လာနေတဲ့ ခေတ်တစ်ရာခင်....

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now