Extra 2 (uni/zawgyi)

27.7K 433 17
                                    

Extra 2 (🪔သီတင်းကျွတ်ညလေးတစ်ည🪔)
~~~~~~~~~~~~~~~~~~~~~~~~~~

"မသွားရဘူးသမီး ကလေးနှစ်ယောက်တည်းညဘက်ထွက်စရာလား"

"ကိုကိုက ကလေးမှ မဟုတ်တော့တာ ဖေဖေကလည်း "

"ဘယ်လိုဘဲဖြစ်ဖြစ်ဖေဖေခွင့်မပြုဘူးသမီး"

"ဖေဖေကလည်း"

"သား သားက ညီမလေးကို မထိန်းတဲ့အပြင် သားကပါဖေဖေဆီကခွင့်ပြုချက်တောင်းနေတာလား"

"သားအသက်ဆယ်နှစ်ကျော်နေပါပြီ ဖေဖေ ညီမလေးကိုစောင့်ရှောင့်နိုင်ပါတယ် ဒါကြောင့်မို့ယုံယုံကြည်ကြည်နဲ့လွှတ်ပေးပါ ညကိုးနာရီမကျော်ခင်ပြန်ခဲ့ပါ့မယ်"

အချစ်လေးမျက်နှာကိုလှမ်းကြည့်လိုက်တော့ အချစ်လေးကလည်းသိပ်ခွင့်မပြုချင်တဲ့ပုံဖြစ်နေတာမို့ ဧဒင်မင်းမော်စဥ်းစားရခက်နေလေသည်.....

"သားနဲ့သမီးသွားချင်ရင် ဒီနားလေးဘဲသွားပါလား ပွဲစျေးထိတော့မသွားနဲ့လေ"

"ဟင့်အင်းမေမေ ဒီဒီက ပွဲစျေးထိသွားချင်တာ "

"ပွဲစျေးကလူများတယ်သမီးလေးရဲ့ မေမေနဲ့ဖေဖေလည်းမပါဘူး မေမေစိတ်မချဘူး "

"အာ့ဆို ဖေဖေနဲ့မေမေပါလိုက်ခဲ့ အကုန်အတူသွားရင်ပျော်ဖို့ကောင်းမယ့်ဟာကို"

"မောင်လေးက ဖျားထားတာမကြာသေးတော့ပွဲစျေးလိုနေရာမျိုးက မသင့်တော်ဘူးသမီးရဲ့ ဒီလိုလုပ်လေ ကိိုကို ကလေးတွေနဲ့လိုက်သွားလိုက်ပါလား "

"မေမေကလေ အမြဲ ဒီလိုဘဲ သဏ္ဍာန်ကိုဘဲ ဦးစားပေးတယ်"

ဧနဒီမင်းနိုင်ဟာ ခြေထောင့်လေးဆောင့်ကာ အခန်းထဲသို့ငိုကာပြေးဝင်သွားလေသည်.....

"သား သွားချော့လိုက်မယ် "

"ကိုကို သမီးလေးက မေနိုင်ကို စိတ်ခုသွားပြီထင်တယ်"

အချစ်လေးကမျက်ရည်တွေဝဲကာ မျက်နှာကိုလက်နဲ့အုပ်လိုက်တော့ ဧဒင်မင်းမော်ဟာ ပြာပြာသလဲလဲဖြစ်သွားလေသည်.....

"အချစ်လေး အဲ့လိုမဟုတ်ပါဘူး မငိုနဲ့လေ သမီးက ကလေးပီပီ အပြင်မသွားရလို့ စိတ်ကောက်သွားတာပါ"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now