part 15 (uni/zawgyi)

23.1K 583 7
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~~
အပိုင်း (15)

"Media ပေါ်မှာပြန်နေတဲ့ သတင်းတွေက ကျွန်တော့်မိန်းမမှာဘာအပြစ်ရှိလို့လဲ သူနဲ့ဘာဆိုင်လို့ပြောဆိုနေကြတာလဲ ခင်ဗျားတို့က"

ထိုစဥြ

"Ring Ring Ring"

ဦးရန်ရှင်းအောင်ရဲ့ဖုန်းဟာအဆက်မပြတ်လာနေပြီးဘယ်သူလဲဆိုတာကြည့်လိုက်တော့ ညီမဖြစ်သူ ခင်ခင်လေး...
ကြည့်ရတာ ရာရာကိစ္စသိသွားလို့စိတ်ပူပြီးဖုန်းဆက်တာနေမယ်.....

"ဟယ်လို ခင်လေး"

"အကိုကြီး သမီး အဆင်ပြေရဲ့လား ဘာတွေဖြစ်ကြတာလဲအကိုကြီးရယ်"

"ခဏ ခင်လေး အကိုကြီး ဖုန်းဖွင့်ထားလိုက်မယ် ခင်လေးနားထောင်နေ အာ့ဆို ခင်လေးနားလည်သွားလိမ့်မယ်"

ဦးရန်ရှင်းအောင်ဟာ ခင်လေးနဲ့စကားဆက်မပြောနိုင်ဘဲ သားဖြစ်သူဘယ်လိုဖြေရှင်းမလဲဆိုတာကို ပိုစိတ်၀င်စားနေမိသည်.....

"အန်တီတို့ အခုပြောနေတဲ့ ကျွန်တော့မိန်းမ သတင်းတက်နေတဲ့ကိစ္စက သူမှာဘာအပြစ်မှ မရှိဘူး သူ့အင်္ကျီအဲ့လိုဖြစ်သွားတာ ကျွန်တော့်အပြစ်ကြောင့် ကျွန်တော်လုပ်လို့ဖြစ်သွားတာ အဲ့ဖြစ်စဥ်အစအဆုံးကျွန်တော်အနားမှာရှိနေတာ သတင်းဖွချင်တဲ့သူတွေက လိုရာပုံဘဲဆွဲရိုက်ပြီး အနားကကျွန်တော်ပုံကျတော့မပါဘူး "

ညီရှင်းထွယ်ရဲ့မိန်းမကိုကာကွယ်ပေးနေပုံကို အံ့သြတကြီးကြည့်နေမိတဲ့သူက မိခင်ဒေါ်ထိပ်ထားစံ.....
သားဟာ ရာရာအပေါ်သဘောထားတွေပြောင်းလဲနေတာပါလား.....

အိမ့်သက်ချယ်ကတော့ ပွဲကြည့်ပရိတ်သတ်ဘာကိုမှချိုသည်ခါးသည်၀င်မပြောဘဲရပ်ကြည့်နေတော့သည်.....

နော်အယ်မေကတော့သူစီစဥ်ထားသလိုမဖြစ်လာတာကြောင့် ရုပ်ကြီးကဆူပုတ်နေတော့သည်.....

"ပြီးတော့ အန်တီ ခုနကပြောလိုက်တာ ဘာ ပထမတစ်ခါမှားတာ ဟုတ်လား"

"ကျွန်တော်မိန်းမက ပထတစ်ခါတုန်းကလည်းမမှားခဲ့ဖူး သူက ထောက်ချောက်ဆင်ခံလိုက်ရတာ ထားပါတော့ အဲ့တုန်းက ကျွန်တော်ကိုယ်တိုင် မှားခဲ့တာဘဲလေ ....သေချာတာက ကျွန်တော်မိန်းမက သူခိုးလုံး၀မဟုတ်ဘူး"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now