part 50 (uni/zawgyi)

19K 545 29
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~
အပိုင်း(50)

  ဂေဟာကကလေးတွေက ထောပတ်ထမင်းနဲ့ကြက်သားကိုမြိန်ရည်ရှက်ရည်စားသုံးနေတာမို့ ညီရှင်းထွယ် သဘောကျနေလေသည်.....

"ကလေးတွေက ကြိုက်ကြတယ်ထင်တယ် "

"အော်ဒါမှာလိုက်တဲ့ဆိုင်ကလည်း လက်ရာအရမ်းကောင်းတယ်လေ ကိုထွယ်ကျေးဇူးကြောင့်နဲ့ ကလေးတွေ ဒါမျိုးညမနက်စားရတာ ကိုထွယ်ပါတစ်ခါတည်း၀င်စားလိုက်ပါလား လာလေ"

ဒီလိုနဲ့ညီရှင်းထွယ်လည်းကလေးတွေနဲ့အတူ ကိုယ်လှူတာကိုကိုယ်ပြန်စားကာ ထောပတ်ထမင်းရဲ့အရသာကို အရမ်းကိုသဘောကျသွားလေသည်....

"မင်းတို့မှာတဲ့ဆိုင်က တကယ်ကိုအရသာရှိတာပဲမနက်ဖြန်ကြက်ဆီထမင်းနဲ့မှာပြီးကလေးတွေကိုကျွေး ညမနက်ဘဲ "

"ဟာ ဟုတ်ကဲ့ဟုတ်ကဲ့"

ဂေဟာမှူးဆီလှူဖို့ပိုက်ဆံတွေပေးပြီးတဲ့အပြင် သူရှိနေတဲ့ရက် ကလေးတွေကို တစ်မျိုးပြီးတစ်မျိုးကျွေးဖို့လည်း သူစဥ်းစားထားလိုက်သည်.....

"ခဏနေ ထမင်းဆိုင်ပိုင်ရှင် က ပိုက်ဆံလာယူမှာ သူဌေးလေးဘဲ ကိုယ်တိုင်ပေးပါလားမနက်ဖြန် ကြက်ဆီထမင်းကိစ္စလည်း သူဌေးကိုယ်တိုင်စားချင်တဲ့ပုံမှာပါလား"

"နေပါစေ ရတယ် ဂေဟာမှူးဘဲ စီစဥ်လိုက်ပါ  ကျွန်တော်ကအရေးကြီးကိစ္စရှိသေးတယ်"

သူမှာစျေးထဲမှာပျောက်သွားတဲ့Bunnyကိုရှာပုံတော်ဖွင့်ရမှာမို့ တခြားအရာတွေကိုအချိန်အများကြီး မပေးနိုင်......
_
_
_
_
"ပိုက်ဆံပြည့်တယ်နော် သမီး"

"ပြည့်ပါတယ် ဂေဟာမှူး"

"သူဌေးလေးက သမီးဆိုင်ကလက်ရာကိုအရမ်းသဘောကျနေတာ မနက်ဖြန်ထပ်ပြီး ကြက်ဆီထမင်း အော်ဒါထပ်ယူမယ်နော် သူကအရမ်းသဘောတွေကျနေတာ "

"ဟုတ်လား "

"အလှူရှင်ကိို ရာရာ ဆိုင်ကိုဖိတ်ပါတယ်လို့ ထမင်းစားဖို့လာခဲ့ပါလို့ ရာရာဘက်ကပေးနိုင်တ​ဲ့ Serviceပါ"

"သူဌေးလေးကိုပြောလိုက်ပါမယ်"
_
_
_
_
မြို့ကျဥ်းကျဥ်းလေးကိုဘယ်မှာများပုန်းနေလဲမသိ လုံး၀ကိုရှာမရ မောမောနဲ့ဂေဟာကိုဘဲပြန်လာရတော့သည် ...
Hotelမှာမတည်းဘဲ ဂေဟာမှာသာ ကလေးတွေနဲ့အတူနေသည်......

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now