part 25 (uni/zawgyi)

23.8K 585 9
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~
အပိုင်း (25)

"သမီး"

"လေးလေးရန်"

"သားအခြေအနေ"

"ကြီးကြီးမားမားမထိခိုက်ပါဘူး ညာဘက်လက်အရိုးအက်သွားတာရယ် နဖူးလေးနဲနဲကွဲသွားယုံပါ ဘုရားသခင်ကယ်လို့ ဒီလောက်ဘဲ ဖြစ်သွားတာလေးရန် နောက်မဆို ရာရာဖြင့်မတွေးရဲဘူး"

သမီးရာရာက သားကို အရမ်းစိုးရိမ်နေတယ်ဆိုတာက မျက်ဝန်းက မျက်ရည်စလေးများကသက်သေခံနေသည်....

"သားကော "

"အထဲမှာ အခုဘဲကျောက်ပတ်တီးစည်းပြီး X-Ray ပြန်ရိုက်ကြည့်နေတယ်"

ထိုအခါ ဆရာဝန်နဲ့အတူ ဓါတ်မှန်ခန်းကနေ ညီရှင်းထွယ်ပါ ထွက်လာလေသည်.....

"အိမ်ပြန်လို့ ရပီမလား ဒေါက်တာ"

"ရပါပြီ နောက်နေ့ အန်ကယ်လ် အရိုးအကြောဆရာဝန်ကို အိမ်ကို လွှတ်ပေးလိုက်မယ် တစ်ခုခုလိုအပ်ရင် အန်ကယ်လ်ဆီဖုန်းဆက်လိုက်"

"ကိုသန့်မောင် သားအခြေအနေက "

"မစိုးရိမ်ပါနဲ့ ဥက္ကဌကြီး လက်က ၂ပတ် ၃ပတ်လောက် ကျောက်ပတ်တီးကိုင်လိုက်ရင် ကောင်းသွားမှာပါ ဒီကြားထဲကိုက်တာခဲတာအတွက် ဆေးပေးလိုက်ပါမယ်"

"ကျေးဇူးဘဲ ကိုသန့်မောင်ရာ"

"ပြောစရာလူတွေမှ မဟုတ်တာ ဥက္ကဌကြီးရာ"

လေးလေးရန်ကားနဲ့ဘဲ ရာရာနဲ့သူရှင်းစံအိမ်ကိုပြန်လာခဲ့လိုက်ကြသည်...
ရာရာစိတ်ထဲ ဒီနေ့ဖြစ်ပျက်သွားတဲ့ကိစ္စကြီးက တကယ်ကို စိတ်ထဲမရှင်းဖြစ်နေသည်....

"သားငယ်ရယ် မသေကောင်းမပျောက်ကောင်း"

"ဘာမှမဖြစ်ပါဘူး Momရယ် မတော်တဆ ဖြစ်သွားတာ"

အိမ်ရဲ့အသဲကျော်လေး ဒဏ်ရာရလာတာ့ ရာရာတို့အခန်းလေးထဲ လူစုံတက်စုံဖြစ်နေသည်.....

"လေးလေးရန် အခုန သမီးပြောထားတာတွေ သက်ဆိုင်ရာကို ပြောပြလိုက်လား"

"ပြောပြလိုက်တယ် သမီး ဘာမှမပူနဲ့"

"ဘာဖြစ်နေတာလဲ Bunny"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now