part 42 (uni/zawgyi)

17.1K 482 35
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~
အပိုင်း (42)

စိတ်ဓါတ်တွေဘယ်လိုဘဲကျကျ သူ့ထက်စာရင်bunnyက မိခင်မို့ ပိုခံစားနေရတာကိုသူသိသည်...
သူအနေခက်မှာစိုးတာကြောင့်Bunnyကဘာမှမဖြစ်သလိုနေကာ ညဘက်သူအိပ်ပျော်ပြီဆိုမှကြိတ်ငိုတော့သည်....
သူဒီအခြေအနေကြီးကနေ ရုန်းထွက်ဖို့ ကြိုးစားရမှာမို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ခရီးထွက်ဖို့ သူစီစဥ်လိုက်တော့သည်......

"Bunny ကိုယ်တို့ မန်းလေးသွားရအောင်"

"ဟင် ရုတ်တရက်ကြီး ကိုကလည်း"

"ဘာဖြစ်လို့လဲ အန်ကယ်ကျော်နဲ့တီငယ်ကိုလည်းမတွေ့ရတာကြာပြီလေ ပြီးတော့ သစ်သစ်နဲ့ထူးအိမ်ကိစ္စလည်းနားဖောက်ရင်းပေါ့"

"အော် အောင်သွယ်တော်လုပ်ဖို့ပေါ့လေ ကိုက"

"ကိုယ်ကပေးစားချင်နေပြီ ကလေးတွေကို"

မသိရင် ကို တစ်ယောက်ကလေ သူက လူကြီးကျနေတာ ဟိုက သူ့နဲ့သူငယ်ချင်းဟာကို........

"ဒါပေမယ့် ကိုရယ် လေးလေးရဲ့အမှုကိစ္စတွေလည်းရှိသေးတယ်လေ "

"ကိုစွမ်းရှိနေတာဘဲ Dadရဲ့ကိစ္စ ကိုစွမ်းကိုကိုယ်အကုန်အပ်ထားတာ အချိန်တန်ရင် တရားခံသိရမှာပါ"

"ဒါပေမယ့် လေးလေးကိုပြုစုဖို့"

"ကဲ မိန်းမရယ် ဘာတွေအဲ့လောက်သောကရောက်နေတာလဲ ကိုယ့်မိဘအိမ်သွားတာဘဲဘာဖြစ်လဲ ဒီအိမ်မှာ bunnyမဟုတ်တဲ့ တခြားချွေးမတွေရှိသေးတယ် Momရှိတယ် အန်တီစိုးရှိတယ် အလုပ်သမားတွေရှိတယ် ဘာကို စိတ်မချဖြစ်နေတာလဲ"

"ကဲ ဘာမှအထွန့်မတတ်နဲ့ အေးဆေးထိုင်နေ ကိုယ်ဘဲ အ၀တ်အစားတွေထည့်ပေးမယ်"

"ခဏနေပါအုံးကိုရယ် ရာရာတို့သွားတာတော့ဟုတ်ပါပြီ နားဖောက်ဖို့ကိစ္စကလေ ဖေဖေနဲ့မေမေကိုအသိမပေးခင် ထူးအိမ်ရဲ့မိဘတွေကောသိလား ပြီးတော့မအိမ့်သက် နောက်ပြီး အန်တီထားရောသိလား မအိမ့်သက်က သစ်သစ်နဲ့ထူးအိမ်ကိစ္စသဘောဘယ်လိုရှိလဲမသိဘူးလေ "

"ထူးအိမ်မိဘတွေက ထူးအိမ်သဘောလို့ပြောတယ် မအိမ့်သက်ကိုတော့ ကိုယ်အခုဘဲအသိသွားပေးလိုက်မယ်"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now