part 46 (uni/zawgyi)

16.6K 506 62
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~
အပိုင်း(46)

"ဥက္ကဌကတော် ဧည့်ခန်းမှာ ကတော်နဲ့တွေ့ချင်လို့တဲ့"

"ဘယ်သူလဲ မအိမ်စိုး"

"ဟို ဟို "

"ဘာ တဟိုဟိုနဲ့ ဖြစ်နေတာလဲ ဘယ်သူမို့လို့လဲ"

"ရဲတွေပါ"

"ရဲတွေ ဟုတ်လား ဘာလာလုပ်တာလဲ သူတို့က"

"ဟို သူတို့က ဒေါ်ထိပ်ထားစံနာမည်ကိုဘဲမေးနေပါတယ် သူတို့ကဖမ်း၀ရမ်းနဲ့လာတာတဲ့"

"ဖမ်း၀ရမ်း"

"ကျစ် ဘာတွေလာရှုပ်ကြတာလဲ လာမယ် လာမယ် ကျွန်မလာခဲ့မယ်"

ယောကျာ်းဖြစ်သူကို သူမကိုယ်တိုင် လက်သည်းညှပ်ပေးနေခြင်းဖြစ်ကာ မပြီးသေး.....

"အကို ထား ခဏနေမှပြန်လာမှ ဆက်ညှပ်ပေးမယ် ခဏနော် "

ဘာလို့ရယ်မသိ အကို့မျက်နှာကို တမြတ်တနိုးကိုင်ကာပြောလိုက်ပြီး ထလိုက်သောအခါ ဦးရန်ရှင်းအောင်ရဲ့လက်ကလှုပ်ရှားသွားကာ သူမလက်ကို ဖမ်းဆွဲကိုင်လိုက်လေသည်....

"အကို"

ဒေါ်ထိပ်ထားစံတအံ့တသြဖြစ်သွားကာ ဒါဘယ်လောက်ကြာမှ ယောကျာ်းဖြစ်သူရဲ့ လှုပ်ရှားလာမှုလဲ .....

"အကို အကို "

အခုန တစ်ခဏသာ လှုပ်ရှားသွားပေမယ့် မျက်လုံးအစုံကတော့ ပိတ်ထားနေဆဲဖြစ်သည်....

"ခဏလေးပါအကို ထား သေချာပေါက်အကို့ဆီပြန်လာခဲ့ပါမယ်"
_
_
_
_
"ဒေါ်ထိပ်ထားစံက ခင်ဗျားလား"

"ဟုတ်ပါတယ်"

"ကျွန်မတို့က ဖမ်း၀ရမ်းနဲ့လာတာပါ"

"ဘာရယ် ဘယ်သူ့ကို ဖမ်း၀ရမ်းနဲ့"

ရဲမေတစ်ယောက်ရဲ့ပြောစကားကို ဒေါ်ထိပ်ထားစံ ပြန်ထောက်လိုက်တော့သည်....

"ဘာအတွက်နဲ့လဲ"

"အစားအသောက်အထဲမှာ အဆိပ်ခပ်ပြီး လူအသက်ကိုအန္တာရာယ်ဖြစ်စေတဲ့အမှု နဲ့ တိုင်စာရထားပါတယ်"

"ဘယ်သူကတိုင်တာလဲ"

"ဒေါ်ထိပ်ထားစံရဲ့ချွေးမ ခေတ်တစ်ရာခင်က"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now