Part (10)

137 13 0
                                    

စွဲငြိနှောင်တွယ်


🌸pann

Part (10)


၁၉၉၁ ။

နှစ်တစ်နှစ်ပြောင်းလာပြန်ပြီ..။

နှစ်ပြောင်းရက်ပြောင်းသလို ကျွန်တော်တို့လည်းခုဆိုကိုးတန်းကျောင်းသားတွေဖြစ်လာပြီ..။

မီလတ်တို့လိုအပျင်းကြီးပြီး စာမကျက်တဲ့ကျောင်းသားလည်း ကိုးတန်းထိပါလာသေးသည်..ကံများကောင်းလွန်းနေသလား ဒါမှမဟုတ်စာပဲတကယ်ရကြလို့လားတော့မသိပါ ။

မီလတ်သာအပျင်းကြီးတာ..သူ့မောင်မိုးသီးတော့သူ့လောက်မဟုတ်..မိုးသီးက​ဆော့တာ​တော့​ဆော့တာပဲ..စာနည်းနည်းပါးပါးလုပ်သေးတယ်ပြောရမယ်..မိုးသီးလည်းဒီနှစ်ဆို ခြောက်တန်းကျောင်းသားကြီးဖြစ်လို့ ။

စာနဲ့ပတ်သက်ရင်သူ့အစ်မထက်တောင် နည်းနည်းလောက်ဖြစ်ဖြစ်ပိုသိသေးတယ်..သူ့အစ်မ ခန့်မီမီလတ်ကတော့ ။

" ကျွီး..ချွတ်..တင့်.."

ခြံထဲကိုစက်ဘီးဘရိတ်ခပ်ကြမ်းကြမ်း တန်းအုပ်ဆွဲတော့ ဘီးကသဲမြေနဲ့ခြစ်သံကြီးကြားရပြီ..။

စက်ဘီးဒေါက်ကိုလည်းဆောင့်အောင့်ချလို့..ပါလာတဲ့ဆွဲခြင်းတောင်းလည်းဆွဲချပြီး လှေကားထစ်ခြေရင်းမှာပစ်ချကာ အိမ်ပေါ်ခပ်ကြမ်းကြမ်းနင်းတက်သွားတာက အောက်ကလူတွေခေါင်းကြိမ်းဖွယ်အတိ..မိန်းကလေးခြေသံပါတဲ့..တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ။

မနေနိုင်တော့ အော်ငေါက်ရပြီ..။

" ဟ မီလတ်..အောက်မှာနင့်အစ်ကိုတွေထိုင်နေတာဟ..တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ "

ကိုယ်ကအော်တာအော်နေရတာ ငအော်ပဲရှိမယ်..အပေါ်ကကောင်မလေးတော့ သူ့နားထဲဘာမှမကြားသလိုနဲ့ ။

" ထားလိုက် အဲ့ကောင်မလေး.."

အမေကခေါင်းပေါ်မှာပတ်တင်ထားတဲ့တဘက်ကို ဆွဲချရင်းချိုင်းကြားညှပ်ထားတဲ့ပိုက်ဆံအိတ်ကိုစားပွဲပေါ်အသာတင်ပြီး ကျွန်တော်တို့ဘေးဝင်ထိုင်သည်..။

" ဘာဖြစ်လာကြတာလဲ..ဈေးကိုအတူသွားကြတာမဟုတ်ဘူးလား "

အပြန်လာကျတစ်ယောက်တစ်ကွဲ..။

စွဲငြိနှောင်တွယ်حيث تعيش القصص. اكتشف الآن