Part (34)

236 12 2
                                    

စွဲငြိနှောင်တွယ်



🌸pann


Part (34)


၂၀၀၂..။

ဇန်နဝါရီ..။

" အဟမ်း..အာ..အာ..testing..ဝမ်း..တူး..သရီး..သတို့သားနိုင်ဇေဟန်မင်းခေါ်နိုင်နိုင်ခင်ဗျာ..ကျွန်တော်မိုးသီး သာဝတ္ထိကိုသွားပြီးစာအိတ်သွားဝယ်ရအုံးမှာမို့..ကျွန်တော်ပြန်မလာမချင်းအိမ်ပေါ်ကနေတစ်လှမ်းမဆင်းလာသေးပါနဲ့အုံးလို့..ကျွန်တော်ပြန်လာမှပွဲစပါ..ဪ..မီလတ်..နင်လည်းကိုယ့်အိမ်ကိုယ်နေနေအုံးသက်လား..ငါပြန်မလာမချင်းနင်လည်း​ယောက်ဖဆီမသွားနဲ့အုံး..နင်သွားရင်မနှစ်ကငါ့ဆီကနေယောက်ဖကြီးယူသွားသမျှ ငါပြန်ရတော့မှာမဟုတ်ဘူး..ကြားလားမီလတ်..ငါအတိုးနဲ့ပြန်ယူမှာနော်..တစ်ယောက်မှတစ်လှမ်းမရွေ့နဲ့..ငါမြန်မြန်ပြန်လာခဲ့မယ်..ဒါပဲ..ဒါပဲ.."

ကျီ...။

" ဟားဟား..လုပ်ချပြီမိုးသီးကတော့.."

" ဟားဟား..ဟင်းဟင်း.."

ကြားတဲ့သူအကုန်လုံးက ရယ်လို့မောကြလို့..။

နိုင်နိုင်ကလည်း အိမ်မှာအဝတ်လဲနေရင်းမိုးသီးအသံကြောင့် ရယ်နေရသည်..။

မီလတ်မှာတော့ မိုးသီးကြောင့်မျက်နှာပူပြီးရှက်နေရတာ..။

သူလုပ်ပုံလည်းကြည့်အုံးလေ..။

Sound Box ကြီးနဲ့တွဲပြီးမိုက်ကြီးနဲ့အော်ချနေတာ..ဘေးရွာတွေကတောင်ကြားလောက်ရဲ့..။

သူ့အသံကြားတဲ့သူတိုင်း ပွဲကျပြီးရယ်ကြလို့..။

" အဲ့ကောင်လေးမိုးသီးကတော့လေ.."

" ဟွင်းဟွင်း..ဟားဟား.."

အားလုံးပြုံးတုံ့တုံ့လေးတွေနဲ့..။

ဒီနေ့မီလတ်နဲ့နိုင်နိုင်တို့ မင်္ဂလာပွဲနေ့လေ..။

အမှန်ဆိုဒီလောက်အလျင်မလိုချင်ပေမယ့် နိုင်နိုင်ကဒီနှစ်အစောပိုင်းလက်ထပ်လှချင်ပါပြီဆိုပြီး အိမ်တွေကို အပူတိုက်လို့လက်ထပ်ရပြီ..။

သူမီလတ်ကိုပြောတာတော့ကြာပါပြီ..။

မီလတ်ကိုကတမင်မသိချင်ယောင်ဆောင်နေခဲ့လို့သာ..။

စွဲငြိနှောင်တွယ်Where stories live. Discover now