2 (Unicode)

322 31 1
                                    


ကျောင်းနောက်က Basketball ကွင်းမှာ ရောက်နေပြီဖြစ်ကြောင်း Kongpop ဖုန်းဆက်လာတာနဲ့ Arthit တစ်ယောက် စာကြည့်တိုက်ကနေ ထွက်လာရပြန်ပြီ။

ခုနောက်ပိုင်း Assignment တွေနဲ့ အလုပ်ရှုပ်နေသလောက် Kongpop လည်း ရှေ့နှစ်တွေနဲ့မတူစွာ ကျောင်းစာတွေပိုပိနေသည်လေ။

အိပ်တာ စားတာနဲ့ စာလုပ်တာ သူငယ်ချင်းတွေနဲ့ဝိုင်းလေးထိုင်လိုက်တာ အတန်းပြေးတက်နေရတာကလွဲလို့ ဘာမှမလုပ်ချင်တဲ့ Arthit နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ Kongpop ကတော့ အပေါင်းအသင်းအများကြီးကြားထဲဝင်ဆန့်တဲ့အထိ ပေါ်ပြူလာ ဆက်ဖြစ်နေဆဲ။ ခန္ဓာကိုယ် အမိုက်စားရှိတဲ့အပြင် ကြည့်ကောင်းတဲ့ရုပ်ရည်ရှိပြီးသား Kongpop အတွက်က ပေါင်းသင်းဆက်ဆံရေးပါကောင်းလွန်းနေတော့ ပေါ်ပြူလာမဖြစ်စရာမရှိ။ နွမ်းနယ်နေပြီး ဘယ်သူနဲ့မှစကားတောင်မပြောချင်တော့တဲ့အထိ ဖြစ်နေတဲ့ ကိုယ်နဲ့တော့ လန်းဆန်းပုံခြင်း ကွာတာပေါ့။

Basketball ကစားရတာ ဝါသနာပါတဲ့ Kongpop က ခုနောက်ပိုင်း သူငယ်ချင်းတွေနဲ့ Gym မှာ Workout လုပ်ပြီးအပြန်ဆို မမောပန်းနိုင်စွာ ညနေတိုင်း ကွင်းထဲ လာလာဆော့တယ်။

အခုလည်း ကိုယ် အိမ်ပြန်တာကိုစောင့်နေရင်း ဆော့နေတာကြောင့် လွယ်အိတ်လေးချကာ Kongpop ရှိရာအနားကို လျှောက်သွားလိုက်တော့ Kongpop က ဘောလုံးကို လှမ်းပစ်ပေးလာတာမို့ လှမ်းဖမ်းလိုက်ကာ Basketball ဂိုးတိုင်ထဲကို ပစ်သွင်းလိုက်တယ်။

ဂိုးတိုင်ထဲ သေချာဝင်သွားတဲ့ ဘောလုံးကို ကြည့်ရင်း Kongpop က

" P'Arthit လည်း Basketball ဆော့တတ်တာပဲလား? "

တွဲလာပေမယ့်လည်း Kongpop ရှေ့မှာ ဘယ်အားကစားကိုမှ မလုပ်ဖြစ်ခဲ့ဖူးတာမို့ အထူးတဆန်း မေးလာတာလည်း မဆန်း။

" နည်းနည်းပါးပါးပေါ့ "

" ဒါဆို ကျွန်တော်တို့ ၃မှတ်ကနေ ကစားကြည့်ကြမလား? "

Basketball မှာ သုံးမှတ်နေရာကနေ စ ကစားဖို့ဆိုတာ အလွယ်ကစားလို့ မဖြစ်နိုင်။ ဂိုးတိုင်နဲ့ အလှမ်းဝေးတဲ့ သုံးမှတ်နေရာကနေ ရှေ့က တစ်မှတ် နှစ်မှတ်နေရာကို ခြေတလှမ်းမှမထိဘဲ ၃ မှတ်လိုင်းရဲ့နောက်ကနေပဲ အဝေးပစ်အဖြစ် ဂိုးတိုင်ထဲရောက်အောင် လှမ်းပစ်နိုင်ဖို့ဆို Basketball ကို တော်တော်ကြာကြာရင်းနှီးကျွမ်းဝင်ပြီး လက်အကျင့်ဖြစ်နေတဲ့သူတွေလောက်သာ အလွယ်ကူဆုံးဖြစ်လိမ့်မယ်။

Special Scene of Arthit & Kongpop Hikayelerin yaşadığı yer. Şimdi keşfedin