Part - 7

785 72 18
                                    

Jonginပြလာသောသတင်းကိုကြည့်ပြီး Sehunလည်းအံ့သြရသည်။တကယ်ဘဲ သတင်းသမားတွေက ကြံဖန်ပြီးကိုရေးတတ်ကြသည်။ သတင်းကမှန်လားမှားလား သေချာမစုံစမ်းဘဲ သူတို့ သတင်းပေါက်သွားဖို့ လူတွေရဲ့စိတ်ဝင်စားမှုခံရဖို့သာ ရေးတတ်ကြသည်။

" Sehunမနက်စာစားကြရအောင် "

" အင်း "

မနက်စာလာပို့တဲ့ ဝန်ထမ်းမှာလည်းတက်လာသောသတင်းအရ ကောင်မလေးတစ်ယောက်နှင့်အတူအိပ်နေသည်ဆိုကာ သိထားပြီးအခုတော့ ကြားထားသည့်နှင့်မတူဘဲ ဖြစ်နေသည်မို့ လှည့်ကြည့်လှည့်ကြည့်ဖြင့် ထွက်သွားလေသည်။

မနေ့ကဝတ်စုံတွေကမကောင်းတော့တာမို့ Hotelကိုဝတ်စုံအသစ်မှာလိုက်တာ Jonginအတွက်ကတော့Sizeမှန်ပေမယ့် Sehunအတွက်ကတော့ ဘောင်းဘီSizeကအနည်းငယ်သေးသွားသည်။

ဒါမှမဟုတ် ဟိုနေရာလေးဘဲကွက်ကြီးလာတာများလား ??

အပေါ်ကုတ်နဲ့နာရီ ကိုခုံပေါ်ထားပြီး မနက်စာစားဖို့လာတော့ Jonginကသူ့ကိုမျက်တောင်မခတ်တမ်းကြည့်နေလေသည်။

" Jongin ဘာဖြစ်နေတာလဲ ? "

Sehunစကားကိုအဖတ်မလုပ်ဘဲ ခါးကနေဆွဲဖက်ကာ လက်တစ်ဖက် တင်သားကိုလာကိုင်လေသည်။

" Jongin မင်း!! "

" ဒါလေးက ကိတ်လာတယ်နော် ကိုယ်ကိုင်တာများသွားလို့လား ဒါမှမဟုတ် နဂိုကိတ်တာလား "

တင်သားကိုပွတ်ကာ မေးလာသောJonginက မထီတထီပြုံးထားလေသည်။
Sehunလည်း စိတ်လေသောပုံစံဖြင့် Jonginနဖူးကိုလက်ညိုးဖြင့် တောက်ပြီး မနက်စာစားဖို့သွားလိုက်တော့သည်။

Jongin Companyရောက်တော့ သူဘာမှမပြောရသေး အတွင်းရေးမှူးကသတင်းတွေအကုန်ဖျက်ပြီးကြောင်းပြောလာသည်။ တော်လိုက်တာ အတွင်းရေးမှူးကိုနောက်မှ လစာတိုးပေးရမည်။

ညနေမှာတော့ထုံးစံအတိုင်း Sehunကိုကြိုဖို့သွားတော့ Sehunကမရှိ ညစာဝိုင်းရှိလို့သွားသည်ပြောသည်။
Sehun သွားသည့်နေရာကိုမေးပြီး သူလည်း နီးစပ်ရာဆိုင်တစ်ခုမှာညစာဝင်စားရင်း သူလာကြိုကြောင်းmes ပို့ထားလိုက်သည်။

ကားပေါ်မှာထိုင်နေရင်း နာရီကြည့်တော့ 11ထိုးနေပြီဖြစ်သည်။SehunဆီPhဆက်တော့လည်း မကိုင် နောက်လည်းကျနေပြီမို့ ဆိုင်ထဲဝင်ကာ အခန်းနံပါတ်မေးပြီး သွားလိုက်သည်။

Oⁿˡʸ U ( Completed )Where stories live. Discover now