Part - 36

561 43 9
                                    








Jonginတစ်ယောက် အလုပ်မှာအရေးကြီးအစည်းအဝေးရှိတယ်ဆိုကာ ခုထက်ထိမသွားသေးဘဲ ဧည့်ခန်းမှာထိုင်ကာ သားနဲ့ဆော့နေလေသည်။
Sehunပြောလည်းမရ။ရတယ်ဆိုကာ ပေကပ်ပြီး နေသည်။

" အစ်ကိုလေးSehun ဧည့်သည်အတွက် ကော်ဖီပြင်လိုက်ရမလား"

" သူကကော်ဖီမသောက်ဘူး အအေးလေးဘဲပြင်ထားလိုက် "

"ဟုတ်ကဲ့ အစ်ကိုလေး "

Sehun အကူကောင်မလေးနှင့်စကားပြောနေသည့်အသံကို ဧည့်ခန်းထဲကJonginကလည်း နားစွင့်နေလေသည်။

" Jongin အချိန်လည်းနောက်ကျနေပြီ သားကိုထားခဲ့တော့ အလုပ်သွားဦး "

Sehunပြောတော့ သားကိုချီကာ ဆိုဖာပေါ်တက်ထိုင်သည်။သားကိုပေါင်ပေါ်တင်ထားကာ Sehunကိုမျက်မှောင်ကျုံ့ကြည့်ပြီး

" တော်ပြီ ကိုယ်အလုပ်မသွားတော့ဘူး Hunရဲ့ သူငယ်ဂျင်းကြီး လာမှာဘဲဟာ ယောက်ျားဖြစ်တဲါကိုယ်က ဧည့်ခံပေးရမှာပေါ့ ကိုယ်အခုဘဲ အလုပ်မလာတော့ကြောင်း Phဆက်လိုက်မယ် "

" မဟုတ် ! "

သားကိုSehunဆီပေးခဲ့ကာ အတွင်းရေးမှူးဆီphဆက်ရင်း အပေါ်တက်သွားလေသည်။
Jonginဟာလေတကယ်ပြောမရ။

Jonginဒီနေ့အလုပ်မသွားတဲ့အကြောင်းကတော့ အိမ်ကိုSimon လာမှာမို့လို့ဖြစ်သည်။
နိုင်ငံခြားမှာနေတဲ့ Simonကပရောဂျက်အတွက် ဒီကိုခဏလာခြင်းဖြစ်သည်။

သူနဲ့ကလည်းအလုပ်ကိစ္စ သာကြောင်းမာကြောင်းသာ ပြောဖြစ်တာများသည်။
ဒီကိုရောက်တုန်းရောက်ခိုက် တွေ့ရအောင်ပြောတော့ Sehunမှာသားတစ်ဖက်နဲ့မို့ အပြင်ကထွက်ဖို့အဆင်မပြေ။

ဒါကြောင့်မို့ Simonနဲ့လည်း လုပ်ငန်းပါတနာအရင်းတွေဖြစ်နေတော့ အိမ်ကိုဘဲထမင်းစားဖို့ခေါ်လ်ုက်သည်။

မနက်မှာလောလော လောလောပြင်နေတဲ့ Jonginကိုဒီနေ့ Simonအိမ်မှာထမင်းစားခေါ်ထားတယ်လို့ ပြောပြတည်းက အလုပ်မသွားတော့တာခုထိပင်။

Jonginအလုပ်မသွားတော့တာမို့ အဝတ်အစားလဲပြီး အောက်ဆင်းလာတော့ ယောက်ျားတစ်ယောက်၏ရီသံနဲ့အတူ သားရဲ့ရီသံပါကြားလိုက်ရသည်မို့ မြန်မြန်ဆန်ဆန်ဆင်းလိုက်ရသည်။

Oⁿˡʸ U ( Completed )Where stories live. Discover now