မွေးဖွားခါနီးလာတော့ Jonginတစ်ယောက်Sehunကိုငုံထားမတတ် ဂရုစိုက်နေတော့သည်။မျက်စိအောက်ကလည်းအပျောက်မခံသလို အပေါ်ထပ်ကနေအောက်ဆင်းတာတောင်မချီယုံတမယ်ပင်။
ဒေါက်တာက လမ်းလေးလျှောက်လျှောက်နေပေးပါ ဒါမှကလေးအတွက်အဆင်ပြေမှာလို့ပြောထားလို့သာ လမ်းလျှောက်ခိုင်းတာဖြစ်သည်။မဟုတ်ရင်တော့ ဘာမှမလုပ်ခိုင်းဘဲ အခန်းထဲမှာဘဲနေခိုင်းမှာ။
ရေကူးကန်ဘေးနားထိုင်ကာ စာဖတ်နေရင်း ဆူဆူညံညံအသံတွေကြောင့် စာအုပ်ချကာလှည့်ကြည့်တော့ အဒေါ်ကြီးကနွားနို့ခွက်ကိုင်ကာသူ့ဆီလာနေသည်။
" အရှေ့မှာဘာသံတွေလည်းအဒေါ်ကြီး? "
"အလုပ်သမားတွေရောက်နေတာ အစ်ကိုလေး "
"အလုပ်သမားတွေလား ဘာလုပ်မလို့လဲ ? "
"ကလေးအခန်းအတွက် အစ်ကိုလေးJonginခေါ်ထားတာပါ နွားနို့သောက်ဦးလေအစ်ကိုလေး "
ဟိုတစ်ခါက တစ်နေ့တစ်ခွက်နွားနို့သောက်ရမယ်လို့ Jonginကပြောပေမယ့် Sehunကမသောက်ချင်လို့ သူသောက်ပြီးပြီလို့သာ ပြောလိုက်ဆိုကာ မသောက်ဘဲနေတာကို တစ်ရက်အိမ်စောစောပြန်လာတဲ့ Jonginကသိသွားလေသည်။
အိမ်ကအလုပ်သမားတွေကိုအကုန်ဟောက်ပြီး အလုပ်ထုတ်မယ်ဆိုကာပြောတော့ သူတို့မှာအလုပ်မထွက်ချင်တာကြောင့် Sehunကိုနွားနို့တိုက်ပြီး သောက်ပြီးသည်အထိထိုင်စောင့်ကြတော့သည်။
Sehunလည်းအဒေါ်ကြီးကိုနွားနို့ခွက်ပေးပြီးထတော့ အဒေါ်ကြီးကသူ့ကိုကူသည်။
" အထဲသွားမလို့လား အစ်ကိုလေး "
" အင်း "
"အစ်ကိုလေး Jonginက အိမ်ထဲမှာအနံ့တွေနဲ့နံနေမှာဆိုးလို့ ဝင်မလာနဲ့ဦး သူလာခေါ်ပါမယ်တဲ့ "
"အထဲမှာအရမ်းနံနေလို့လား ? "
"ဆေးသုတ်နံ့တွေနဲ့ မွှန်နေတာဘဲ အစ်ကိုလေးရဲ့ "
"အင်းအင်း အဲ့ဒါဆိုလည်း ခဏနေမှဘဲဝင်တော့မယ် ကျွန်တော့်ကိုအသီးပန်းကန်လာချပေးဦးနော် "
"ဟုတ်ကဲ့အစ်ကိုလေး"
Jonginလည်းအရှေ့ခန်းမှာ သစ်သီးလေးအတွက်အလုပ်သမားတွေနဲ့ပြင်ဆင်ပြီးအချိန်ကြည့်တော့ Hunရေချိုးချိန်နီးနေပြီဖြစ်သည်။