Part-1

1.7K 102 17
                                    

မြင့်မားတဲ့​တောင်တန်း​တွေရဲ့​ရှေ့မှာ နန်း​တော်ကြီးကထည်ဝါစွာ တည်ရှိ​နေသည် ။ ​ပျားပန်းခတ်​အောင်အလုပ်ရှုပ်​နေ​သော အပျို​တော်​တွေကလည်း နန်းတွင်း​ဆောင်တစ်ခုနဲ့တစ်ခု ကူးလူးသွားလာ​နေကြသလို မူးကြီးမတ်ရာ​တွေကလည်း ​နေရာတစ်ခုကို ဦးတည်ကာ စုရုံးသွားလာလျက်

သူတို့သွားလာ​နေကြတာ ညီလာခံခန်းမကိုဖြစ်သည်။ အကြောင်းအရင်းကတော့ ဒီ​နေ့က တိုင်းပြည်ရဲ့အိမ်​ရှေ့စံကို ဆုံးဖြတ်မဲ့​နေ့

​ရောင်စုံလိပ်ပြာ​လေး​တွေပျံဝဲ​နေတဲ့ ဥယျာဥ်ကြီးရဲ့အလယ်က ​​ကြည်လင်​နေတဲ့​ရေကူးကန်ထဲမှာ​တော့ ​ရေချိုး​နေတဲ့ ​ကောင်​လေးတစ်​ယောက် ။ ​ရေထဲကိုငုပ်လိုက် ​ရေမျက်နှာပြင်​ပေါ်ကိုတက်လာလိုက်နဲ့ ​ရေကစား​နေတဲ့​ကောင်​လေးက သူ့အသက်အရွယ်​လေးမှာ​တောင် တိုင်းပြည်ရဲ့အ​ချောဆုံးလို့ သတ်မှတ်ခံထားရတဲ့ မင်းသား​လေးပင်ဖြစ်သည် ။ ​ရေထဲမှာ​တောင် ဖြူစွတ်​နေတဲ့အသားအရည်က အတိုင်းသား ထင်းထွက်​နေသည် ။ သူက​တော့ အရှင်မင်းကြီးနဲ့
မိဖုရား​ခေါင်ကြီးရဲ့ တစ်ဦးတည်း​သော သား​တော် ပက်​ဆောင်းဟွန်း

​ရေချိုးခြင်းပီးစီး၍ ​ရေကူးကန်​ပေါ်ပြန်တက်မည်အလုပ်မှာ
"အာ အ​ပေါ်ရုံ​မေ့ကျန်ခဲ့တယ် ဒီ​နေ့ညီလာခံရှိတာကို"

....💫....

​ဥယျာဥ်အဝင်ဝမှာ ရှိတဲ့အ​ဆောင်ထဲမှာ​တော့ အထိန်း​တော်ကြီးက ပျာယာခတ်​နေ​လေသည် ။

"ညီလာခံက နီး​နေပီ မင်းသား​ရေချိုးတာဘာလို့ အရမ်းကြာ​နေရတာပါလိမ့် ..."

​ရေရွတ်ရင်းနဲ့မှ တတစ်ခုခုကိုဖျတ်ကနဲစဥ်းစားမိဟန်ပေါ်ကာ
"​ရေချိုးပီးလဲဝတ်ဖို့ အ​ပေါ်ရုံယူသွားတာမမြင်မိဘူးပဲ၊ ဘယ်မှာပါလိမ့် ​ဟော...ဒီမှာ​တွေ့ပီ "

​တွေ့​တော့လည်း​ပေးဖို့က အခက်​တွေ့ရပြန်သည် ။မိဖုရားကြီးက မင်းသား​ရေချိုး​နေတဲ့အချိန်​တွေမှာ ​ရေကူးကန်​ဘေးကို သူကလွဲပီး ဘယ်မိန်းမမှမကပ်ရလို့ အမိန့်ထုတ်ထားသည်​လေ ။ အကြံအိုက်​နေတုန်း...

"မင်း...မင်းသား​လေး ကင်​ဆောနူး "
အ​ဆောင်​ရှေ့မှာ ကိုယ်ရံ​တော်တစ်​ယောက်နဲ့ဖြတ်သွားတဲ့ မင်းသား​လေးကို သူမလှမ်း​ခေါ်လိုက်မိသည်။

HESITANCYWhere stories live. Discover now