သူ့ကို ကိုကိုလို့ခေါ်ခိုင်းတဲ့ မင်းသားလလေးက ဆောနူးနဲ့တူတူကစားပေးလို့ အပြုံးတွေက မရပ်တန့်နိုင်တော့...
ညနေပြန်ရင် သားတော်နဲ့ကစားပေးမဲ့သူရှိလာပီလို့ မယ်တော့်ကို ပြောပြရမယ်
ပျော်လိုက်တာ..."မယ်တော်ရေ သားပြန်ရောက်ပီ "
"ဝင်လာပီနော် ဒီနေ့ပြောစရာ ရှိ...."
"ဟင် "
ဆောနူးရုတ်တရက် မြင်လိုက်ရတဲ့မြင်ကွင်းက...
ထိုင်နေရာကနေကြမ်းပြင်ပေါ်ကို ဆောင့်တွန်းခံလိုက်ရလို့ လဲကျသွားပုံပေါ်တဲ့ ခြေထောက်တို့က ယိုင်ခွေနေသည် ။ကိုယ်ပေါ်မှာလည်း နှလုံးသားတည့်တည့်မှာ ဓါးဒဏ်ရာအကြီးကြီးက သွေးတွေတစ်စက်စက် မြင်မကောင်းအောင် စီးကျလျက် ...
"မယ်တော်...မယ်တော်
ဘယ်လိုဖြစ်တာလဲ "ဆောနူးလေး သူ့အမေနားကို ထိတ်လန့်နေတဲ့ကြားက ပြေးသွားကာ လှုပ်နှိုးနေမိသည်။ မျက်နှာမှာပါ ရစရာမရှိအောင် သွေးတွေဒဏ်ရာတွေပွနေတဲ့ အမေဖြစ်သူကတော့ သားလေးကိုလှည့်မကြည့်နိုင်တော့...
"မယ်တော် ...မယ်တော်
ထပါဦး ဘာဖြစ်နေတာလဲ ဟင့်....ဟင့် "ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းဘေးမှာ တအိအိနဲ့ ငိုကြွေးနေတဲ့ကောင်လေးတစ်ယောက်...
အထိန်းတော်တောင်ထားမပေးတဲ့ သူတို့သားအမိရဲ့အဆောင်မှာ ကလေးကိုနှစ်သိမ့်ပေးမယ့်သူလည်း တစ်ယောက်မှမရှိ၊ ငိုသံပေါက်စလေးကလွဲရင် ပတ်၀န်းကျင်က
တိတ်ဆိတ်လျှက် ...
"မယ်တော်............."အသံကြောင့် သူ့ကိုယ်ရံတော်က အိပ်ခန်းထဲ
ဒရောသောပါး ပြေးဝင်လာသည်။"မင်းသား ဘာဖြစ်တာလဲ အိမ်မက်ဆိုးတွေ မက်နေပြန်ပီလား "
ဆောနူး သူ့ဆီလှမ်းပေးလာတဲ့ ရေကြည်ကြည်အေးအေးကို သောက်လိုက်သည့်တိုင် ရင်ပူနေတာကပျောက်မသွားခဲ့၊ မျက်ရည်တွေကျသဖြင့် ပါးကစိုစွတ်နေတာကိုလည်း အခုထိခံစားလို့ရနေသေးသည်။
YOU ARE READING
HESITANCY
Fanfictionအရှင့်သားက အေးစက်စက်နိုင်သလို တစ်ချိန်ထဲမှာ နွေးထွေးမှုကိုပါ ခံစားရစေတဲ့သူပဲ