"အဖွားရေ ကျွန်တော်အလည်လာတယ် "
"အော် သား လာလာ ဒီနေ့အစောကြီးပါလား
ဆောနူးလေးက ဒီနားကစမ်းချောင်းမှာ ရေသွားချိုးတယ်ကွဲ့ ""ဟုတ်လား ဒီနေ့ဆောနူးနဲ့ မြို့ထဲလျှောက်သွားကြမလို့၊ သူတော့မသိသေးဘူး အံ့သြသွားအောင် ကြိုမပြောပဲထားထားတာ ဒါနဲ့ အဖွားတို့အတွက် လက်ဆောင်တွေပါတယ် "
"အို အဲ့လိုတွေ ယူယူမလာပါနဲ့ဆို သားရယ်
အဖွားတို့က အဲ့တာတွေလိုချင်လို့မဟုတ်ပါဘူး၊ ဆောနူးလေးကို ချစ်လို့ခေါ်ထားတာပါကွယ် "ဆောနူးလေး သူမတို့အိမ်ကို ရောက်လာပီး
တစ်ပတ်လောက် အကြာမှာပဲ သူ့အကိုဆိုတဲ့
ဒီကလေးက ရောက်လာတာဖြစ်သည်။ ဆောနူးဆီလာတိုင်း ဆီ ဆန် စသည်ဖြင့် တစ်ခုမဟုတ်တစ်ခု ယူလာတတ်သည်၊ တားလို့လည်းမရ ။ ရုပ်ရည်အားဖြင့် တော်ရုံလူနဲ့ယှဥ်မရလောက်အောင် ပြည့်စုံပြီး ထည်ဝါလွန်းတဲ့အသွင်အပြင်တွေ အပြုအမူတွေက သာမန်လူတန်းစားတော့လုံးဝ
မဖြစ်နိုင်ကြောင်း ဖော်ပြနေသလို ။"အဖွား ကျွန်တော် ဆောနူးနောက်လိုက်သွားလိုက်ဦးမယ် "
"အေးအေး သား "
အနားက စမ်းချောင်းလေးဆီကို သူထွက်လာခဲ့လိုက်သည်။ ဒီကလေးက မနက်စောစောစီးစီးကိုရေတွေချိုးနေတာ ဖျားသွားရင်မခက်ပါလား၊ နဂိုထဲက လူကနုနုဖတ်ဖတ်လေးဖြစ်ပီးချူချာနေတာကို ...ဟော တွေ့ပါပီ ရေကို
စိမ်ပြေနပြေ စိမ်နေလိုက်တာများ... သူမဟုတ်ပဲ သစ်ခုတ်လာတဲ့ လူစိမ်းတွေဘာတွေတွေ့သွားရင် လူကလှလှလေးနဲ့ ဒုက္ခရောက်ဦးမည်။"သခင်လေး မြန်မြန်ချိုးပါခင်ဗျ
အအေးပတ်လိမ့်မယ် "အော်ပြောလိုက်မှ သူ့ကိုမြင်သွားတဲ့ ကောင်လေးက ရှက်သွားဟန်တူသည်၊ အဝေးကတောင်မျက်နှာရဲနေတာကို မြင်နေရသည်။
"အရှင့်သား...
ဘယ်...ဘယ်လိုရောက်လာတာလဲ
ပီး...ပီးပီ အဝတ်ပြန်ဝတ်မလို့ ကျွန်တော့်ကို ခန ကျောပေးထား "

YOU ARE READING
HESITANCY
Fanfictionအရှင့်သားက အေးစက်စက်နိုင်သလို တစ်ချိန်ထဲမှာ နွေးထွေးမှုကိုပါ ခံစားရစေတဲ့သူပဲ