တောအုပ်မျက်မဲကြီးထဲက အိမ်လေးထဲမှာ မီးမထွန်းထားတဲ့အပြင် လမိုက်ညမို့ မှောင်မဲနေသည်။ အိမ်ထဲကအခန်းထောင့်မှာတော့ ကောင်လေးတစ်ယောက် အရုပ်ကြိုးပြတ်ဖြစ်ကာ အရူးတစ်ယောက်လို တစ်ယောက်ထဲစကားတွေပြောနေသည်။
"အရှင့်သား ကျွန်တော့်ကိုထားမသွားပါနဲ့
အရှင့်သား ကျွန်တော့်ကိုထားမသွားရဘူးလေ၊ကတိပေးထားတယ်လေ ဆောနူးနားမှာ
ရှိနေပေးမယ်လို့ "မှောင်မဲနေတဲ့အချိန် တစ်ယောက်ထဲရှိရတာကို သူအရမ်းကြောက်တတ်ပါသည်။ ဒါပေမဲ့ စိတ်ထဲမှာအရှင့်သားကလွဲရင် ဗလာဖြစ်နေတာကြောင့် ပတ်ဝန်းကျင်ကိုလည်း ဆောနူးသတိမထားနိုင်တော့
ဆောနူး အရှင့်သားနဲ့နေခဲ့တဲ့အိမ်လေးဆီမရောက်ခင် လွန်ခဲ့တဲ့နာရီအနည်းငယ်က...
"အရှင့်သားးးး"
သူ့ကို ဆွဲဖက်ပီးတစ်ဖက်လှည့်လိုက်တဲ့ အရှင့်သားပါးစပ်မှာ ပြင်းထန်တဲ့ဓါးချက်ကြောင့် စီးကျလာတဲ့သွေးတွေက များလွန်းသည်။ အရှင့်သားက ဆောနူးကိုယ်လေးကို မှီထားရင်း တိုးတိုးပြောသည်။
"ဆောနူး အများကြီးမငိုပါနဲ့တော့
ကလေးမျက်ရည်ကျရင် ဒဏ်ရာကပိုပိုနာလာတယ်သိလား၊ ဒီတစ်ခါတော့ ကိုယ်ပြောတဲ့စကားကို နားထောင်ပါ
ကိုယ့်နောက်လိုက်ခဲ့မယ်ဆိုပီး ခေါင်းမမာနဲ့
ကလေးကို ဆက်ရှင်သန်စေချင်တယ်
သွားတော့ ကလေး ကိုယ့်စကားကိုနားထောင်နော်""သားးးးငါ့သားလေး
နင်ဖယ်စမ်း "အားနဲ့တွန်းလွှတ်လိုက်တာကြောင့် ဆောနူးကိုယ်လေး ပြိုလဲကျသွားသည်။ အရှင့်သားကိုကြည့်လိုက်တော့ သွားတော့လို့သူ့ကိုပြောနေတာကြောင့် မျက်ရည်တွေရွှဲရင်း ပြေးလာခဲ့လိုက်သည်။
အတူတူပြေးလွှားခဲ့တဲ့ လမ်းမှာ အခုတော့
တစ်ယောက်တည်း..."အမေလုပ်ခဲ့တဲ့ မကောင်းမှုတွေက ကျွန်တော့ဆီရောက်လာတယ်ထင်ပါတယ် "
"သားးအမေတောင်းပန်ပါတယ် သားရယ်"
"ကျွန်တော်စိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်အောင်ကတိတစ်ခုတော့ပေးပါ
ဆောနူး ကင်ဆောနူးကိုထပ်ပီးဒုက္ခမပေးပါနဲ့တော့"
YOU ARE READING
HESITANCY
Fanfictionအရှင့်သားက အေးစက်စက်နိုင်သလို တစ်ချိန်ထဲမှာ နွေးထွေးမှုကိုပါ ခံစားရစေတဲ့သူပဲ