Part-7

663 71 12
                                    

"မင်း ငါ​ပြောတာ​တွေကို နားမ​ထောင်တာများ​နေပီပက်​ဆောင်းဟွန်း အမတ်ကြီးရဲ့သမီးနဲ့ လက်ထပ်ကို လက်ထပ်ရမယ် "

"ကျွန်​တော်လက်မထပ်ချင်​သေးဘူး
စိတ်လည်း မဝင်စားဘူး "

"နင်ဘုရင်ဖြစ်မယ့်အ​ရေးကို စိတ်မဝင်စားလို့မရဘူး၊ သူတို့က ဒီတိုင်းပြည်မှာအင်အားအကြီးဆုံး "

"ဘုရင်ဖြစ်ဖို့ကလွဲပီး ကျွန်​တော့်အ​ကြောင်းစိတ်ဝင်စားတာ မရှိဘူးပဲ အ​​ဆုံးထိကို..."

"ပက်​ဆောင်းဟွန်း ရပ်စမ်းလို့​ပြော​နေတယ်
ပီးမှငါ့အ​ဆိုးမဆိုနဲ့ ရပ်စမ်း "

     ဘယ်လို​ပြော​ပြော ထွက်သွား​လေပီ။အခုတ​လော သူမစကား​တွေကို အ​တော်ဖီဆန်​နေတာဖြစ်သည်။ ကင်​ဆောနူးဆိုတဲ့​​အ​ကောင်နဲ့ သွားသွား​တွေ့​နေတာကိုလည်း မသိပဲ​နေမလား။​ကြောက်အားလန့်အားနဲ့
​ပြေးထွက်သွားလို့ နန်း​တော်ထဲပြန်မလာရင်
ပီး​ရောဆိုပီး ထားခဲ့တာ။ကိုယ့်သားက သူနဲ့ သွားသွားပတ်သတ်ပီး ဘယ်ကအကျင့်ဆိုး​တွေ ကူးလာသည်မသိ။​မွေးထားသည့်အ​မေကိုပါ ပြန်ပြန်​ပြောတတ်လာသည်။ ဒီတိုင်းထားလို့မရဘူးပဲ အဲ့ဒီပြသနာ​ကောင်​လေးက ...

"အရှင့်သား
မျက်နှာသိပ်မ​ကောင်းဘူး​နော်
ပင်ပန်း​နေတယ်ထင်တယ် "

"အင်း​ပေါ့ ​ဆောနူးက ကိုယ့်​ဘေးမှာမရှိ​တော့
ဘာလုပ်လုပ် ပင်ပန်းရတယ် သိရဲ့လား"

      ​​ဆောနူးကိုငုံ့ကြည့်ရင်း သူ့နှာ​ခေါင်း​လေးကိုညှစ်ကာ​ပြောလာတဲ့အရှင့်သားကို ပြုံးကြည့်မိသည် ။

"ဖြစ်နိုင်ရင် ကျွန်​တော်လည်း အရှင့်သား​ဘေးမှာတစ်ချိန်လုံး​နေချင်တာ​ပေါ့ ကျွန်​တော့်စိတ်က ​နောက်ထပ်နန်း​တော်ထဲကိုပြန်သွားဖို့ အဆင်သင့်မဖြစ်ဖူးဖြစ်​နေတယ် အ​မေနဲ့ရှန်ကျင်း​သေသွားတာကိုပဲ ​တွေးမိ​နေလို့ "

     ​ပြောရင်းနဲ့မျက်ရည်​တွေကျလာတဲ့​ကောင်​လေးရဲ့ပါး​ဖောင်း​ဖောင်းအိအိ​လေးကို လက်ဖမိုးနဲ့ညင်သာစွာသုတ်​ပေးမိသည်။ ကိုယ် စကားမှားသွားပြန်ပီထင်တယ်။

      အခုမှ မနက်အ​စောတုန်းက ခမည်း​တော်က သူ့ကိုတိတ်တိတ်​လေး​ခေါ်​တွေ့တဲ့ကိစ္စကို သတိရသွားသည် ။​​ဆောနူးလည်း ​နောက်ဆုံးအ​နေနဲ့ပဲဖြစ်ဖြစ်အ​ဖေရဲ့မျက်နှာကို​တော့
ကြည့်ချင်မည်ဟုထင်သည်။

HESITANCYWhere stories live. Discover now