ဆောင်းဟွန်း ဒီနေ့လည်းနောက်ကျနေပေမဲ့ စိတ်ကညည်းညူနေတာကြောင့် ထိုနေရာလေးကိုပဲ ထွက်လာခဲ့မိပြန်သည်။ ပူလောင်လှတဲ့နန်းတွင်းမှာ ထိုချယ်ရီပင်အရိပ်လေးကတော့ အမြဲတမ်းသူ့ကို နှစ်သိမ့်ပေးတဲ့နေရာလေးလို ဖြစ်နေသည်။
"ဟင် "
ကင်ဆောနူးပါလား သူလည်းဒီနေရာကိုလာလေ့ရှိတာလား၊ အရင်ကတော့မတွေ့မိပါဘူး အင်း...
မဆုံဖြစ်လို့နေမှာပေါ့လေ။ ဆောင်းဟွန်း ချယ်ရီပင်အောက်က သူထိုင်နေကျ ကျောက်သားခုံလေးမှာပဲ ထိုင်နေတဲ့ ကောင်လေးကိုကြည့်နေမိသည်။ လေအဝှေ့မှာ ချယ်ရီပွင့်ဖတ်တို့က တဖွဲဖွဲကြွေကျနေတာကို ငေးကြည့်နေတဲ့ကောင်လေးက တကယ်ကိုလှလွန်းလိုက်တာ ယောကျာ်းလေးတစ်ယောက်လို့ပြောဖို့ နုဖတ်ပီးလှလွန်းတယ်မလား ။ မပြုံးသလိုလို ပြုံးသလိုလို နှုတ်ခမ်းပါးလေးတွေကလည်း နန်းတွင်းသူတွေလိုနှုတ်ခမ်းဆေးဆိုးထားတာ မဟုတ်တာတောင် နီရဲနေသည်။
သူ ဒီကောင်လေးရဲ့ အလှကိုငေးကြည့်မိပီး စာဖွဲ့မိနေတဲ့ ကိုယ့်စိတ်ကိုယ်ပြန်ဆန်းစစ်မိတော့လည်း အံ့သြရပြန်သည်။ ဘဝမှာတစ်ခါမှဒီလိုမျိုး လှတယ်လို့ တစ်စုံတစ်ယောက်ကိုစိတ်ထဲကနေတောင် မချီးကျူးခဲ့ဖူးတာ အလှဆုံးဆိုတဲ့မိန်းမပျိုတွေကိုတောင်မှ သူစိတ်မဝင်စားဖူးခဲ့ ။ဆောင်းဟွန်း သူ့ဘေးနားကို ညင်သာစွာ ဝင်ထိုင်လိုက်သည်အထိကောင်လေးက သတိမထားမိသည့်ပုံ ။ လူတစ်ယောက်လုံးဘေးမှာဝင်ထိုင်တာတောင် သတိမထားမိလောက်အောင် ဘာတွေတွေးနေပါလိမ့်
"အဟမ်း "
"ဟင် အရှင့်သား "
"ကိုယ်ရောက်နေတာကြာလှပီ ဘာတွေငေးနေတာလဲ"
ဟင် အခုဆောနူးကြားလိုက်တာ မမှားဘူးဆိုရင် အရှင့်သားက သူ့ကိုယ်သူ ကိုယ်လို့သုံးနှုန်းပီးပြောလိုက်တာမလား သူ့ကိုဆိုအမြဲတမ်း မင်းနဲ့ငါပဲ သုံးတဲ့သူကလေ။ ဒီလိုချိုသာပေးနေတော့လည်း စိတ်ထဲက
ကျေနပ်နေမိပြန်သည်။
YOU ARE READING
HESITANCY
Fanfictionအရှင့်သားက အေးစက်စက်နိုင်သလို တစ်ချိန်ထဲမှာ နွေးထွေးမှုကိုပါ ခံစားရစေတဲ့သူပဲ