"မင်းသား...မင်းသားကင်ဆောနူး "
တိုးတိုး တိုးတိုးနဲ့ခေါ်သံကြောင့် ဆောနူးအိပ်နေရာကနေ နိုးလာသည်။အော် အဖွားတို့အိမ်မှာမှတ်နေတာ ထောင်ထဲမှာပဲ၊ သံတိုင်အပြင်ဘက်ကနေ ရဲမက်တစ်ယောက်က သူ့ကိုအသာနှိုးနေသည်။ဘေးကအစောင့်တွေကလည်း အိပ်ပျော်နေကြတာက တော်ရုံမဟုတ်
"ဂျလောက် "
"အရှင့်သားကခေါ်ခိုင်းလိုက်တာပါ မင်းသား
မြန်မြန်ထွက်ရပါမယ် "ဆောနူးဝေဝါးနေသေးသောမျက်စိတို့ကိုပွတ်ရင်း ရဲမက်များခေါ်ဆောင်ရာနောက်သို့ ခြေသံလုံလုံဖြင့် လိုက်သွားရသည်။ထောင်အပြင်ဘက်ကို ရောက်တော့မှ အရုဏ်တက်ချိန်ပင်မရောက်သေးပဲ
တော်တော်မှောင်နေသေးကြောင်း သိရသည် ။အတန်ကြာလျှောက်ပီးသည့်နောက်မှာ
သူ့စီးတော်မြင်းနားမှာ ရပ်ပီးစောင့်နေတဲ့
အရှင့်သားကို တွေ့လိုက်ရသည်။"အရှင့်သား "
"ဆောနူး "
"တက်နိုင်ရဲ့လား ကိုယ်တင်ပေးမယ် "
အရှင့်သားက မြင်းပေါ်ကိုအရင်မတက်သေးပဲအောက်ကနေ ဆောနူးကိုအရင်ပွေ့တင်ပေးသည်။ပီးမှသူပါတက်ကာ သွားတော့မည်အလုပ် ခြေသံတွေအများကြီးကြားရလို့ကြည့်လိုက်တော့သူ့အမေရဲ့နောက်လိုက်ခွေးသာသာ ရဲမက်တွေ
"ဘယ်သူတွေလည်း အပြစ်သားကို ခွင့်ပြုချက်မရှိပဲခေါ်ထုတ်သွားတာ"
"အရှင့်သားတို့သွားပါ ဒီကောင်တွေကို ကျွန်တော်တို့တာဝန်ယူလိုက်မယ် "
"အင်း မင်းတို့ကိုအားကိုးလိုက်မယ်နော် "
နောက်တစ်ချက်လှည့်ကြည့်ပီး မြင်းကိုအပြေးနှင်လာခဲ့သည် ။ ဂိတ်ပေါက်ကလူတွေကလည်း သူ့မျက်နှာမြင်တော့ မေးမြန်းခြင်းဘာညာမလုပ်ရဲ၊ ချက်ချင်းဖွင့်ပေးကြသည်။
....💫....
ဆောနူး ကြောက်ကြောက်လန့်လန့်နဲ့ အရှင့်သားရင်ခွင်ထဲမှာ လုံးလုံးလျားလျားရောက်နေမိသည်။နီးကပ်လွန်းလို့ အရှင့်သားရဲ့ နှလုံးခုန်သံ တဒုတ်ဒုတ်ကိုပါ အတိုင်းသားကြားနေရသည်အထိ ။အရုဏ်တက်ချိန်ရောက်လာပီဖြစ်၍ သစ်ရွက်တွေကြားထဲက လိမ္မော်ရောင် နေခြည်နုနုက အရှင့်သား
မျက်နှာပေါ်သို့ ကျရောက်နေလေသည်။
YOU ARE READING
HESITANCY
Fanfictionအရှင့်သားက အေးစက်စက်နိုင်သလို တစ်ချိန်ထဲမှာ နွေးထွေးမှုကိုပါ ခံစားရစေတဲ့သူပဲ