"နင်တို့အဲ့လောက်တောင် စောက်သုံးမကျဘူးလား၊ငါ့သားနဲ့ ကင်ဆောနူးကိုဒီတိုင်းလွှတ်ပေးလိုက်ရလား"
"ဟို ကျွန်တော်တို့လည်း တားပေမဲ့
အရှင့်သားဘက်ကလူတွေကလည်း
အများကြီးရှိနေတော့ ""ဝုန်း..."
အကျိုးအကြောင်းပြန်လျှောက်တဲ့ရဲမက်ကို ခြေထောက်နဲ့ကန်လိုက်တာကြောင့် နောက်ထပ်လှုပ်ရဲတဲ့သူ မရှိတော့
"တိတ်စမ်း
ငါ့ကို ဆင်ခြေဆင်လက်တွေ ပြန်မပြောနဲ့ "နင်က ကိုယ့်ကိုယ်ကို အရမ်းသူရဲကောင်းလုပ်ချင်နေတယ်ပေါ့ ပက်ဆောင်းဟွန်း။ ငါကလည်း ငါဖြစ်ချင်တာ မရရအောင် အဆုံးထိသွားမှာပဲ၊ နင်အဲ့ဒီကောင်ကို ထပ်ကာကွယ်နိုင်ဦးမလား ကြည့်ကြတာပေါ့
....💫....
နံနက်ခင်းရဲ့ နေခြည်နုနုကဖွင့်ထားတဲ့ပြတင်းပေါက်ကနေတစ်ဆင့် မျက်နှာပေါ်ကိုဖြည်းဖြည်းချင်းကျရောက်လာတာကြောင့် ဆောနူးမျက်လုံးတို့ ပွင့်လာခဲ့သည်။ဘေးမှာကြည့်လိုက်တော့ မနိုးသေးတဲ့အရှင့်သားက အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်နေလေသည်။ အိပ်ပျော်နေတာတောင် တည်ကြည်ခန့်ညားနေတဲ့ အရှင့်သားကိုကြည့်ရင်း မျက်လုံး
စပ်က မှဲ့နက်လေးကို ဖွဖွလေးခိုးနမ်းရင်း ဆောနူးကြည်နူးကာ တစ်ယောက်ထဲပြုံးနေမိသည်။ ထိုအခိုက် ရင်ခွင်ထဲရုတ်တရက်ဆွဲသွင်းခံလိုက်ရသဖြင့် အနည်းငယ်ပင် ကိုယ်လေးတုန်တက်သွားရသည်။ အား သူခိုးလူမိဖြစ်သွားတာပဲ၊ ရှက်စရာကောင်းလိုက်တာ ကင်ဆောနူး"အနမ်းသူခိုးလေး
ပေါ်တင်မနမ်းရဲဘူးလား "အရှင့်သားဆီက ထွက်လာတဲ့ စကားသံ
ခပ်နက်နက်နဲ့အတူ ရင်ခွင်ထဲမှာမြုပ်နေတာကြောင့် နွေးထွေးတဲ့ကိုယ်နံ့နဲ့ ရင်ခုန်သံတို့ကိုပါခံစားလို့ရနေသည်။ ကိုယ့်ကိုယ်ကို ကံအကောင်းဆုံးလူတစ်ယောက်လို့ တွေးမိလောက်အောင် အရှင့်သားက သူ့ကိုပြုစားနိုင်လွန်းသည်။"မ မဟုတ်ပါဘူးနော်
အရှင့်သားက အိပ်ပျော်နေတယ်ထင်လို့ပေါ့"

YOU ARE READING
HESITANCY
Fanfictionအရှင့်သားက အေးစက်စက်နိုင်သလို တစ်ချိန်ထဲမှာ နွေးထွေးမှုကိုပါ ခံစားရစေတဲ့သူပဲ