"ရာရာစစ ငါ့သားတော်ကို ဒီလိုမိန်းမမျိုးရဲ့သားနဲ့ အတူတူ အိမ်ရှေ့စံရွေးမတဲ့လား "
ဒေါသထွက်ပီး ကြမ်းတမ်းခက်ထန်လွန်းနေတဲ့ မယ်တော့်ရဲ့ မျက်နှာကို တည့်တည့်မကြည့်ချင်တာကြောင့် ဆောင်းဟွန်းခေါင်းငုံ့ထားမိသည်။ သူ့အမေဒေါသထွက်ပီဆိုရင် တစ်ခြားသူတွေမပြောနဲ့ သားအရင်းဖြစ်တဲ့ သူကိုယ်တိုင်တောင်ကြောက်ရပါသည်။
အခုလည်းညီလာခံအပီးမှာ မင်းကြီးဘယ်လိုဆုံးဖြတ်သလဲဆိုတာကို ဝင်ပြောပြရမည်ဆို၍ မိဖုရားကြီးရဲ့နန်းဆောင်ကို ရောက်နေရခြင်းပင်
"အမေမရှိတော့တာတောင် သားကအထိပါ ငါတို့ကိုဒုက္ခလိုက်ပေးနေတုန်းပဲ အကျိုးမပေးတဲ့ဟာတွေ တောက် "
"တအားဒေါသမထွက်ပါနဲ့ မယ်တော် သားတော်၊ ကင်ဆောနူးကို နိုင်အောင်ကြိုးစားပါ့မယ် "
"တိတ်စမ်း ပက်ဆောင်းဟွန်း မင်းကသူနဲ့
ယှဥ်ပြိုင်နေရမဲ့ အဆင့်မဟုတ်ဘူး၊ ဒါတွေအကုန် ဒင်းမွှန်နေလို့ဖြစ်ရတာ ငါလုံးဝမကျေနပ်ဘူး ""အမေ့အဖို့ ဒီအဆင့်အတန်းတွေကတအားအရေးကြီးနေလား သားတော်ကိုအိမ်ရှေ့စံဆိုတဲ့ဂုဏ်ပုဒ်မရှိရင် သားလို့ရောမြင်ဦးမှာလား သိချင်မိတယ်"
ဟုတ်လည်းဟုတ်သည်၊ သူငယ်ငယ်လေးထဲက အမေအရင်းတစ်ယောက်လုံး ကိုယ့်အနားမှာရှိနေတာတောင် အမေ့မေတ္တာဆိုတာ ဘယ်မှန်းမသိ။ အထိန်းတော်ကြီးတွေကတောင် ဒီအမေထက်သာ၍ သူ့ကိုချစ်သည်ဟု ထင်မိတဲ့အထိ ။ မိဖုရားကြီးကတော့ သူ့ကို လူမှန်းသိတတ်စ အရွယ်ထဲက အခုအရွယ်ထိ ဘုရင်ဖြစ်ရမည် ဟုသာတောက်လျှောက် ဖိအားတွေပေးခဲ့သည်။
"ဖြန်း ..."
ရုတ်တရက် ထူပူသွားတဲ့ခံစားချက်နဲ့အတူ မင်းသားရဲ့ ပါးတစ်ဖက်က နီရဲသွားသည်။
"ငါ့ကိုတောင် ပြန်ခံပြောဖို့အားတွေဘယ်ကရလာတာလဲ ပက်ဆောင်းဟွန်း နင့်ဘက်မှာ ငါပဲရှိတယ်ဆိုတာ သဘောပေါက် ငါ့လုပ်သမျှအကုန်လုံးက နင်ကောင်းဖို့အတွက် လုပ်နေတာ"
YOU ARE READING
HESITANCY
Fanficအရှင့်သားက အေးစက်စက်နိုင်သလို တစ်ချိန်ထဲမှာ နွေးထွေးမှုကိုပါ ခံစားရစေတဲ့သူပဲ