"ဟယ် သားရယ်မလုပ်ပါနဲ့ အဖိုးခွဲပေးပါလိမ့်မယ် ထင်းတွေက "
"ရပါတယ် အဖွားရဲ့ ကျွန်တော်လည်းဒီမှာနေတဲ့သူပဲလေ တတ်နိုင်တာဝင်ကူရမှာပေါ့ "
ဆောနူးမျက်နှာဖြူဖြူနုနုလေးပေါ်က ကျနေတဲ့ချွေးစက်တွေကိုလက်မောင်းဖြင့် သုတ်ရင်း အဖွားကိုပြုံးပြပီးပြောလိုက်သည်။သူဘယ်ရောက်နေတာလဲ ဆိုတော့ တိုင်းပြည်ရဲ့အစွန်အဖျားက မြစ်ဘေးမှာရှိတဲ့ တဲလေးတစ်လုံးမှာ။ မခမ်းနားပေမဲ့ သာယာသည်၊
အေးချမ်းသည်။ဒါမျိုးက သူနေချင်ခဲ့တဲ့ဘဝလေးဆိုလည်း မမှား။ရှန်ကျင်းဆုံးသွားတဲ့နေ့....
ခြေဦးတည့်ရာ ပြေးရင်းဘယ်တွေရောက်လို့ ရောက်မှန်းလည်း မသိတော့ နားထဲကတော့ရေစီးသံတဝေါဝေါကို ကြားနေရသည်။ ရင်ဘတ်ထဲကလည်း နာကျင်ရလွန်း၍ အသက်ဆက်ရှင်ချင်စိတ်ပင် မရှိတော့ ။
ဒါပေမဲ့...ဒါပေမဲ့ သူအသက်ဆက်ရှင်ဖို့
တစ်ခုတည်းသောအကြောင်းကရှိနေသေးသည်။
အရှင့်သား...အင်း...ဒီလောက်ဆိုနောက်ကလူတွေ မျက်ခြေပြတ်သွားပီထင်ပါတယ် ။ စိတ်ကိုလျော့ချလိုက်တော့ တင်းထားတဲ့ခန္ဓာကိုယ်ကလည်း ပြေလျော့ပီး မျက်စိတို့မှိတ်ကျသွားတော့သည်။
"ကျလိ...ကျလိ"
ငှက်တွေအိပ်တန်းထတဲ့ အသံနဲ့အတူ
နေရောင်ခြည်နုနုကလည်း တဖြည်းဖြည်းကျရောက်လာသည်။"အဖိုးကြီးရေ ကြည့်ပါဦး မြစ်ဘေးမှာ ကောင်လေးတစ်ယောက် လဲနေတယ် အသက်ရှိသေးလား သွားကြည့်ရအောင် "
" ကောင်းပါ့မလား ရာဇဝတ်သားတွေဘာတွေ ဖြစ်နေဦးမယ် တော်ကြာ "
"အိုတော် ဒီလောက်အပြစ်ကင်းနေတဲ့
မျက်နှာလေးက ရာဇဝတ်သားဖြစ်ပါ့မလား
ဟယ် ကိုယ်တွေလဲပူခြစ်နေတာပဲ သတိမေ့နေတယ်ထင်တယ် မဖြစ်ဖူး အိမ်ကိုထမ်းခေါ်ခဲ့လိုက် "ဒီလိုနဲ့ပဲ ဆောနူး ဒီအိမ်လေးမှာသောင်တင်နေခဲ့တာ။ သစ်ခုတ်တဲ့ အဖိုးနဲ့အဖွားလင်မယားက သူ့အသက်ကို ကယ်ခဲ့တာဖြစ်သည်။ လောလောဆယ်တော့ သူဘာမှမစဥ်းစားချင်ပါ၊ သူ့စိတ်အေးချမ်းရာ
ဖြစ်တဲ့ ဒီနေရာလေးမှာနေချင်တာပဲ သိသည်။
YOU ARE READING
HESITANCY
Fanfictionအရှင့်သားက အေးစက်စက်နိုင်သလို တစ်ချိန်ထဲမှာ နွေးထွေးမှုကိုပါ ခံစားရစေတဲ့သူပဲ