"ကလေး...."
အခန်းရဲ့အလယ်မှာ ဆယ်ဟွန်းရဲ့ ဖုန်းကိုကိုင်ရင်း
ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ကာ ရပ်နေသည့်
ဂျုံအင့်ကို ဆယ်ဟွန်း အခန်းတံခါးကိုပိတ်လိုက်ရင်းမှ ခေါ်လိုက်သည်။" ကျွန်တော့်ဖုန်းလာတာလား.."
ဂျုံအင်က အခုထိ ဆယ်ဟွန်းဘက်လှည့်မလာ..။
ဆယ်ဟွန်း ခပ်ဖွဖွပြုံး၍ ဂျုံအင့်အနားကို
သွားကာ ပခုံးကိုကိုင်လိုက်သည့်အခါ ရုတ်တရက်
ဆောင့်တွန်းလိုက်သည့် အပြုအမူ။ရုတ်တရက်ဖြစ်သွားတာကြောင့် ဆယ်ဟွန်း အံ့ဩ
သွားမိသည်။ဂျုံအင်က သူ့ကို စိမ်းသက်သည့်မျက်ဝန်းတွေနဲ့
နှုတ်ခမ်းကို တင်းတင်းစေ့ကာ အတန်ကြာအထိ
စိုက်ကြည့်နေသည်။" ဘာဖြစ်လို့လဲ.. ကလေး.."
ဆယ်ဟွန်းတကယ်ပင် နားမလည်နိုင်တော့စွာ..
မေးလိုက်မိသည်။ဂျုံအင်က အေးစက်စွာ
စိုက်ကြည့်နေခဲ့ရာမှ မျက်နှာလွှဲသွားခဲ့သည်။ထို့နောက်သူ့လက်ထဲတွင် ကိုင်ထားသည့်
ဆယ်ဟွန်းရဲ့ ဖုန်းကို ..မွေ့ယာပေါ်
ပစ်တင်လိုက်ကာ သူဝတ်ထားသည့် အပေါ်ထပ်
ဂျင်းအင်္ကျီထဲက သူ့ဖုန်းကိုထုတ်လိုက်ကာ
တစ်ယောက်ကို ဖုန်းဆက်ခေါ်လိုက်၏။" အင်း အင်ယော့.."
"မင်းအားရင် ငါ့ကို လာခေါ်ပေးပါလား။"
" ကလေး.. .."
ဆယ်ဟွန်း ဖွဖွခေါ်လိုက်မိသည်။
သို့သော် ဂျုံအင်က တစ်ချက်လေးမှပင်
ဂရုမစိုက်ဘဲ လျစ်လျူရှုနေခဲ့၏။" အင်း လိပ်စာပို့လိုက်မယ်..။ ငါအဲ့ဒီလမ်းထိပ်မှာ
စောင့်နေမယ်.."ဂျုံအင်က ဖုန်းကို ချလိုက်ပြီး message
တစ်စောင်ကို ရိုက်ပို့နေသည်။ ထို့နောက်တွင်တော့
အခန်းထဲမှ တိတ်ဆိတ်စွာပဲ ထွက်သွားခဲ့၏။အချိန်ခဏလေးအတွင်းမှာပဲ
ပြောင်းလဲသွားသည့် အခြေအနေတွေကို
ဆယ်ဟွန်း အဖြေရှာ၍မရ။
သို့သော် ဂျုံအင်ထွက်သွားသည့်
နောက်သို့ ချက်ချင်းပင်လိုက်ခဲ့မိ၏။
![](https://img.wattpad.com/cover/302795752-288-k102367.jpg)