2

3K 328 45
                                    

ဆက်တိုက်ဆိုသလို ဖြစ်နေသော ph vibration
ကြောင့် ဆယ်ဟွန်း အိပ်နေရာမှနိုးလာခဲ့သည်။

အခန်းထဲက တိုင်ကပ်နာရီကိုကြည့်မိသည့်အခါ
မနက် ၃ နာရီ ခွဲ။

အဆက်မပြတ် vibrate ဖြစ်နေသော
ခုတင်ဘေး မှာ အားသွင်းထားသည့်ဖုန်းကို
ယူကြည့်လိုက်သည့်အခါ ခေါ်ဆိုသည့်သူက
ချစ်ရသူ ဖြစ်နေ၍ ချက်ချင်းကိုင်လိုက်မိသည်။

"ဆယ်ဟွန်း.. အိပ်ပျော်နေပြီလား"

" အင်း ..ဘာဖြစ်လို့လဲ ပြောလေ..ကလေး"

"ကျွန်တော် အိပ်လို့မရလို့လေ .. အဲ့ဒါ mukbang
တွေလိုက်ကြည့်နေရင်းနဲ့ ..ခေါက်ဆွဲစားချင်လာတာ..။"

" မနက်ကျ သွားစားကြမယ်လေ..။
ကျွန်တော် .လိုက်ကျွေးမှာပေါ့"

" မဟုတ်ဘူး..။ အခုစားချင်တာ..။"

" အခုလား..."

" အင်း အခု"

" 24 hr ဆိုင်တွေ ရှိမလား မသိဘူး။
ကျွန်တော် ရှာကြည့်ပြီးပို့ခိုင်းလိုက်ရမလား"

"ဟင့်အင်း ။ အဲ့လို မဟုတ်ဘူး။
ဆယ်ဟွန်းကိုယ်တိုင် ပြုတ်ကျွေးတဲ့
ခေါက်ဆွဲ စားမှာ။"

ဆယ်ဟွန်း ခပ်တိုးတိုးရယ်လိုက်မိသည်။
ချစ်သူလေးက တကယ် ကလေးလေးလိုမျိုး
မျိုးစုံဆိုးနေတာပဲ..။

" ကျွန်တော် ပြုတ်ကျွေးရမှာလား.."
" အွန်း! ဘာလဲ! မလုပ်ပေးချင်ဘူးလား"

" အဲ့ဒီလို မဟုတ်ပါဘူးဗျာ.. ဘာခေါက်ဆွဲ
စားချင်လဲ ပြော..။
စပ်တာတွေတော့စားလို့မဖြစ်ဘူးနော်..။"

" အွန်း.. စပ်တာတွေမစားဘူး။ဆယ်ဟွန်း
ကြိုက်တဲ့ဟာ ပြုတ်ပေးခဲ့။ ကြက်ဥရောနော်
သိလား..။ sausage ရော.."
" ဟုတ်ပါပြီဗျာ..။ကျွန်တော် အိမ်ရှေ့ရောက်မှ
ဖုန်းဆက်လိုက်မယ်။
ကြိုထွက်ပြီးစောင့်မနေနဲ့နော်။အပြင်က အေးတယ်"

" ဟုတ်...အသည်းလေး"

လိုချင်တာရသွား၍ စပ်ဖြီးဖြီးအသံလေးနဲ့
ချွဲလာသည့် ဂျုံအင်ကြောင့် ဆယ်ဟွန်း နှစ်ခြိုက်စွာ
ပြုံးလိုက်မိသည်။

" အာဘွား..."

" အွန်း အာဘွား။ မြန်မြန်လာနော်..။"

He's Unpredictable [ SEASON-2]Donde viven las historias. Descúbrelo ahora