4

2.8K 327 51
                                    

" ဂျုံအင်နဲ့ အဆင်မပြေဘူးလား.."

ဘေးတွင်ထိုင်နေသည့် မမရဲ့မေးခွန်းကြောင့်
ဆယ်ဟွန်း ကားမောင်းနေရင်းမှ
လှည့်ကြည့်လိုက်မိသည်။

" အဆင်ပြေပါတယ်.."

" နင်က ငယ်ငယ်လေးကတည်းက ငါနဲ့ ပဲ
နေလာရတာ.. ဆယ်ဟွန်း၊
နင့်မျက်နှာအနေအထားကို
ကြည့်တာနဲ့ နင်ဘာဖြစ်နေလဲဆိုတာ ငါသိတယ်.."

ဆယ်ဟွန်း တိတ်ဆိတ်၍ နေလိုက်မိသည်။
လွန်ခဲ့တဲ့၃ ရက် ဖုန်းပြောပြီးကတည်းက
ဂျုံအင်နဲ့သူ့ကြားတွင်.. တံတိုင်းတစ်ခုခြားသွားသလို ခံစားရသည်။

ဂျုံအင်သည် သူဆက်တဲ့ဖုန်းတွေကို ကိုင်ချင်တဲ့
အချိန်မှ ကိုင်တော့သလို.. သူသွားတွေ့သည့်အခါ
တွင်လည်း ဆင်းမတွေ့ခဲ့တော့ပါ။

နေ့စဉ်ရက်ဆက်ဆိုသလို ပြဿနာတစ်ခုက
ရှည်ကြာလာတဲ့အခါ ဆယ်ဟွန်းအတွက်
နာကျင်မှုသည် ပိုကဲလာကာ..
ခံစားချက်အားလုံး ထုံလာသလိုပင်
ဖြစ်လာခဲ့သည်။

အချိန်တိုင်းလိုလို ..အတွေးလွန်နေရတာကို
သူမုန်းမိနေပြီဖြစ်သလို..
ညတိုင်းအိပ်မက်ဆိုးတွေနဲ့ လန့်နိုးလာရတာတွေ
ပင်ပန်းနေပြီ..။

အဲ့ဒီလိုအချိန်မျိုးမှာ.. ဆုပ်ကိုင်ထားမိသည့်
မျှော်လင့်ချက်အနည်းငယ်နှင့် ဂျုံအင့်ကို
ဖုန်းခေါ်မိတိုင်း..၊ message ပို့မိတိုင်း..
ပြန်လည်ရရှိလာသည်က
ဥပေက္ခာသက်သက်ဖြစ်နေသည့်အခါ..
မွန်းကြပ်သည်ထက် ပို၍ မွန်းကြပ်နေခဲ့ရပါသည်။

"ငါပြောခဲ့တယ်.. သူများကို ပျော်အောင်ထားဆိုတဲ့
စကားကို..။ ဒါပေမဲ့ ဆယ်ဟွန်း.. အဲ့ဒီအဓိပ္ပာယ်က
တစ်စုံတစ်ယောက်က
နင့်ပျော်ရွှင်မှုကို ဖျက်စီးခွင့်လည်း ရှိတယ်ဆိုတဲ့ဆိုတဲ့ သဘောတော့မဟုတ်ဘူး.."

မမကဆက်ပြောလာသည်။
ဆယ်ဟွန်း နှုတ်ဆိတ်၍သာ
နားထောင်နေလိုက်မိ၏။

" နင်ချစ်တဲ့လူကို ငါနဲ့ဖေဖေ ဘာမှ မငြင်းဘဲ
လိုက်ချစ်ပေးနိုင်တယ်..။ ဒါပေမဲ့ နင်မှတ်ထားဖို့က..
နင်နာကျင်နေတာမြင်ရရင်လည်း.. ငါတို့လည်း..
လိုက်နာကျင်နေရတယ်ဆိုတာပဲ.."

He's Unpredictable [ SEASON-2]Where stories live. Discover now