ထမင်းစားပွဲတွင်ထိုင်သည့်အခါတွင်လည်း
ဆယ်ဟွန်းက စကားမပြောလာခဲ့ပေ။
မျက်နှာကို ခပ်တည်တည်ထားကာ
သူစားစရာရှိတာကို စားနေသည်။
အရင်လို ဂျုံအင့် ပန်းကန်ထဲကို ဂရုတစိုက်နဲ့
ဟင်းတွေထည့်ပေးလာခြင်းလည်း မရှိပေ။"ဘာဖြစ်နေတာလဲ ဆယ်ဟွန်း.."
လျစ်လျုရှုဖို့ကြိုးစားပေမဲ့ မဖြစ်နိုင်သည့်အခါ
ဂျုံအင် စားလက်စဇွန်းကို စားပွဲပေါ်ချကာ
မေးလိုက်တော့သည်။ဆယ်ဟွန်းက ခဏငြိမ်သွားပြီးမှ
ခေါင်းရမ်းပြလာသည်။" ဘာလဲ .. ကျွန်တော့်ကို မကျေနပ်နေတာလား ။"
" မဟုတ်ဘူး"
" အဲ့ဒါဆို ဘာဖြစ်နေတာလဲ ။ ပြောလေ..!"
" ကျွန်တော်ဘာမှမဖြစ်ဘူး။
မင်း ထမင်းကိုသာ ဆက်စားပါ"အေးစက်သည့်လေသံနဲ့ပြောနေတာကြောင့်
ဂျုံအင် ဒေါသပိုထွက်လာသလို
.. ဝမ်းလည်းနည်းလာရပါသည်။"ကျွန်တော့်ကို ဘယ်တုန်းက ဒီလို
ဆက်ဆံဖူးလို့လဲ !"ဆယ်ဟွန်းက သူ့လက်ထဲက ဇွန်းကိုချလိုက်သည်။
" တစ်ရက်ထဲတွေ့ခဲ့တဲ့ မိန်းမကြောင့် အခုလို
ပြောင်းလဲနေတာလား။block ခိုင်းတာကို
မကျေနပ်ရင် ပြန် unblock လိုက် .."" ကလေး..
မင်းစကားတွေက ဘယ်ကို ရောက်နေပြီလဲ
ဆိုတာရော သိရဲ့လား.."" ဆယ်ဟွန်းကရော.. ဒီလိုလေသံနဲ့ ကျွန်တော့်ကို
ဘယ်တုန်းက ပြောဖူးလို့လဲ.."ဆယ်ဟွန်းက ကျစ်ခနဲ စုပ်သတ်သည်။
ဘာမဟုတ်တဲ့ အပြုအမူလေးဆိုပေမဲ့လည်း
ငေးကြည့်နေမိသည့်
ဂျုံအင့်မျက်ဝန်းမှ မျက်ရည်တွေ
စီးကျလာခဲ့ရပါသည်။တော်လောက်ပြီလေ..။
ဒီနေ့တစ်နေကုန် အတွေးတွေနဲ့ ပင်ပန်းပြီးနေပြီ။
လုံလုံလောက်လောက် ဒေါသထွက်ခဲ့ပြီးပြီ
ဖြစ်သလို လုံလုံလောက်လောက်လည်း
ဝမ်းနည်းခဲ့ရပြီးပြီ။