DADDY (0)

6.5K 254 55
                                    

Z&U

နန်းဂျွန်အရှေ့က ချိုချဉ်လုံးတွေစားနေတဲ့ အကောင်ခပ်သေးသေး ကလေးပေါက်စကို စာရင်းလုပ်ရင်း နန်းဂျွန်မကြည့်ပဲမနေနိုင်။ မနေ့တစ်နေ့ကမှ ဘွားဘွားကြီးလက်ချက်နှင့် ကလေးဖအေ ဖြစ်လာရသူမို့ အနည်းငယ်စိတ် ကသိကအောက် ဖြစ်ရပါ၏။ ကိုယ့်သွေးကိုယ့်သား မဟုတ်သည်မို့ နန်းဂျွန်မမွေးဖို့ တွေးခဲ့ဖူးသော်ငြား ဘွားဘွားကြီးက နင်မွေးဖို့ဟုဆိုကာ အိမ်ပေါ်အထိတတ်ထားသွားသည်မို့ နန်းဂျွန်မှာကလေးဖအေဖြစ်ရသည်။

အိမ်ထောင်စုစာရင်းထဲ မည့်သို့မည်ပုံထည့်မည်လဲ နန်းဂျွန်မသိရ။ နန်းဂျွန်ရဲ့မွေးစားသားဆို နောက်ပိုင်း မအေနေရာလိုလာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ နန်းဂျွန်မတွေးပဲမနေနိုင်။ အချစ်ဦးနှင့်ကွဲသွားတာ သိပ်မကြာသေးသည်မို့ ယိုင်နဲ့နေတဲ့နှလုံးသားအပြင် ကလေးတစ်ကောင်ပါ ထပ်တိုးကိန်းအဖြစ် တိုးလာလေတော့ နန်းဂျွန်စိတ်ဓာတ်အကြီးအကျယ် ကျရပါ၏။

ဟူးးး

သက်ပြင်းခြကာ စိတ်ညစ်စရာမတွေးတော့ပဲ စာရင်းတွေသာလုပ်နေမိသည်။ ဘွဲ့မရသေးသော်ငြား ကိုယ်တိုင်က အလုပ်လုပ်ဖို့ အားသန်နေသည်မို့ ကုမ္ပဏီတွင်နေရာတစ်ခုဝင်ယူခြင်း။

စားရင်းလုပ်ရင်း အရှေ့က အကောင်လေးကိုကြည့်တော့ ချိုချဉ်တွေကို အားရပါးရစားနေသည်မှာ တစ်ဂွတ်ဂွတ်တောင် အသံမြည်လို့။ ရင်ကျပ်မည်ဟုလည်း နန်းဂျွန်မပြောဖြစ်သေးပေ။ စားပါစေ။

တောက် တောက် တောက်

ပါးစပ်ထဲဝင်လုဆဲဆဲ ချိုချဉ်လုံးက လက်ချော်ကာ နန်းဂျွန်ထိုင်နေတဲ့ စားပွဲအောက် တစ်တောက်တောက်ဖြင့် ကျလာသည်။ ထိုကလေးက ကောက်ပြီးပါးစပ်နဲ့ တစ်ဖူးဖူးမှုတ်နေသည်မို့ နန်းဂျွန်မျက်ခုံးတွေပင့်ခနဲ။ ဘာလဲ အောက်ကျပြီးသားကို စားဖို့ပြင်နေတာလား။

"လွင့်ပစ်လိုက်တော့ ညစ်ပတ်နေပြီ"

ထိုချိုချဉ်လုံးကိုမှုတ်နေရင်း မျက်လုံးဝိုင်းကြီးနဲ့ နန်းဂျွန်ကို မော့ကြည့်သည်။ ရုပ်ကမထုံတတ်တေး အနေအထားမှာရှိ၏။ နန်းဂျွန်စကားကို အရေးမစိုက်သလို ဆက်မှုတ်နေဆဲ။ ဆယ်ကျော်ဖို့ပြင်နေတဲ့ အသက်အရွယ်မို့ ဂျစ်တိုက်ချင်တဲ့ စိတ်အခြေအနေက အပြည့်အဝရှိပုံပေါ်သည်။

DADDY Where stories live. Discover now