Z&U
ဘွားဘွားကြီးတို့အိမ်မှအပြန်လမ်းသည့် အေးစိမ့်လို့နေ၏။ သိပ်မကျဉ်းလှသော ကားထဲ၌အေးစက်မှုကနေရာအပြည့်ယူထားသည်။ ထိုအအေးဓာတ်ကို ဖြိုခွဲမိသူက ဂျောင်ကုကိုယ်တိုင်ရယ်။
"ဒယ်ဒီ ဘွားဘွားကြီးက...."
"ဒယ်ဒီတို့အများကြီး စဉ်းစားကြတာပေါ့ ကုကီးလည်း စိတ်ရှုတ်ထွေးမနေပါနဲ့ ဒယ်ဒီကြည့်လုပ်လိုက်ပါ့မယ် ဒယ်ဒီနားလည်ပါတယ် ဂျောင်ကုဖိအားပေးခံနေရတာကို"
ပြောချင့်သည့်အကြောင်းအရာနဲ့သွေဖယ်စွာ စကားလိမ်းကြောင်းပြောင်းတော့ ဂျောင်ကုငိုပစ်ချင်လာသည်။ ဒယ်ဒီကဂျောင်ကုကို လက်မခံနိုင်မှန်းသိသော်ငြားလည်း အတ္တကြီးချင်သေးတာ။
"ဘယ်သူပြောလဲ"
"ဘာကိုလဲ"
"ကုကီးဖိအားပေးခံနေရပါတယ်လို့ ဒယ်ဒီ့ကို ဘယ်သူပြောလဲ"
"အဘွားက..."
"သားက အင့် သားက သဘောတူခဲ့တာ ဒယ်ဒီ့ကိုလိုချင်လို့ ဒယ်ဒီ့ကိုလက်ထပ်ချင်ပါတယ်ဆိုပြီး သားကသဘောတူခဲ့တာမို့ အင့် ဘာဖိအားမှမရှိဘူး အဟင့်"
ကျွီ့
တုံ့ခနဲရပ်သွားတဲ့ကားအဆုံး မယုံနိုင်သည့်ဒယ်ဒီ့မျက်ဝန်းတွေကနေ တဆင့် အေးစက်စက် အကြည့်တို့ ဂျောင်ကုရင်ထဲ ဖြတ်သန်း စီးဆင်းလာလေတော့ ဂျောင်ကုမျက်တွေတွေသုပ်ကာ တစ်အင့်အင့်ရှိုက်ငိုနေသော ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ထိန်းရသည်။ သူဒယ်ဒီ့ဆီမှဒီလိုအကြည့်မျိုးကို ကြောက်ပါသည်။
"....."
ဘာစကားမှပြန်မပြောနိုင်သည့်ဒယ်ဒီက ကားကိုဆက်မောင်းသည်။ အရင်ကလို မငို့နဲ့ဟုလည်း မချော့တော့သလို ဂျောင်ကုဖက်ကိုလည်း ငဲ့စောင်းမကြည့်တော့ပါ။
"ကုကီးကိုလက်မထပ်ချင်ဘူးလားဒယ်ဒီ အင့်"
ရှိုက်သံမပါအောင်ထိန်းပြီး ပြောသည့်တိုင် အစိုးမရစွာ ရှိုက်သံတွေက နေရာယူထားဆဲ။ ဒယ်ဒီက မုနသွားမှာ သူတကယ်ကြောက်မိပါရဲ့လေ။ ဒီအချိန်မှာ အတတ်နိုင်ဆုံးဂျောင်ကု ဒယ်ဒီ့ရဲ့သဘောကျမှုတွေကို လိုအပ်ပါ၏။