DADDY (5)

2K 137 23
                                    

Z&U

"ဒယ်ဒီ ဧည့်သည်ရောက်နေတယ်"

ဂျောင်ကုစကားကြောင့် စာကြည့်ခန်းထဲက စာအုပ်ဆီအကြည့်မရောက်မိတော့။ ခုဏကတံခါးဖွင့်သံကြားရသော်ငြား ဘယ်သူမှန်းတော့သေခြာမသိ။ အပေါ်ထပ်ကမို့ သေခြာမမြင်ရပေ။

"ဘယ်သူတွေလဲကုကီး မြင်ဖူးလား"

"ဟင့်အင် မမြင်ဖူးဘူး အမကြီးတစ်ယောက်နဲ့ ကုကီးအရွယ်ကလေးလည်းပါတယ်"

နန်းဂျွန်ဘောင်းဘီစကိုဆွဲရင်း ပါလာသည့်ကုကီးခေါင်းကို တစ်ချက်ပုတ်ကာ လှေကားကိုခပ်ဖြည်းဖြည်း ဆင်းလိုက်မိသည်။ ဧည့်ခန်းကထိုင်နေတဲ့ သူတွေဆီအကြည့်ရောက်မိတော့ နန်းဂျွန်အံ့သြသွားရလေသည်။

"ဂျီမင်းလေး လာပါအုံး"

"ကိုကိုကြီး!"

နန်းဂျွန်လက်တွေပေါ်ပြေးတတ်ကာ ကျစ်နေအောင်ဖက်ထားသည့် တစ်တစ်တုတ်တုတ် ဂျီမင်းလေးသည် အရင်ကနန်းဂျွန်ချီနေကြ ဘေးအိမ်ကကလေးလေးဖြစ်သည်။ မိဘတွေအပြင်သွားတိုင်း နန်းဂျွန်ဆီလာပို့ထားသည်မို့ နန်းဂျွန်နှင့်အတော်ရင်းနှီးနေ၏။

"အမတို့ လကုန်မရောက်မယ်ဆိုလို့ ကျွန်တော်ကအကြိုကား မပို့လိုက်တာ အခုပြန်လာတာအဆင်ပြေရဲ့လား အစ်ကိုကော ကုကီးရေခဲသေတ္တာထဲက နာနတ်ရေခဲမုန့်ယူလာခဲ့ပေး"

"ဟုတ်"

"မင်းအစ်ကိုက သူ့မိဘတွေအိမ်မှာ ခဏနေအုံးမယ်တဲ့ အမကတော့ပြန်လာလိုက်တယ် အလုပ်ကိစ္စတွေမပြတ်သေးဘူးလေ ပြီးတော့မင်းကိုလည်းအားနာလို့"

"ကျေးဇူးပါဗျာ ကုမ္ပဏီကတော့သေခြာပေါက်မျှော်နေတာ ကျွန်တော်လည်း စာမေးပွဲဖြေတော့မှာမို့ အမတို့လင်မယားကိုမျှော်နေတာဗျ ပြန်လာပါစေလို့ အစ်ကိုကလကုန်ဆိုတော့ ကျွန်တော့်မှာဟတ်ကော့ကြီး"

"ဆောရီးပါနန်းဂျွန်ရယ် ဒါဆိုအမတို့ပြန်အုံးမယ် လက်ဆောင်လာပေးတာ ဒီမှာအသီးတွေလေ ခြံထွက်သီးနှံတွေ"

အစ်မက ခြင်းကိုရှေ့တိုးပေးမှ အသီးအချို့ကိုမြင်ရသည်။ လက်ပေါ်က ဝတုတ်လေးကို အလွမ်းလွန်ပြီး ဖြစ်လို့ညစ်လို့မဝနိုင်သေးလို့။

DADDY Where stories live. Discover now