DADDY(9)

1.7K 134 8
                                    

Z&U

"အဘွားက ကုကီးနဲ့တွေ့မယ်ပြောတယ် ဒီနေ့လာမယ်လို့ Daddy ပြောခဲ့တယ် အဘွားကမျှော်နေလောက်ပြီ"

"ဟုတ် ကုကီးမြန်မြန်ပြင်လိုက်မယ်"

စာမေးပွဲတွေ ​ဖြေပြီးလို့ အားလပ်ရက်မို့ လှုပ်စိလှုပ်စိ လုပ်နေသည့်ခန္ဓာကိုယ်သည်ဘွားဘွားကြီးဟု ကြားလိုက်ရ၍  မလျှင်မြန်နိုင်တော့ချေ။ ဘွားဘွားကြီးနှင့် ဂျောင်ကုမျက်နှာချင်းဆိုင် မတွေ့ရဲပါ။ တွေ့တိုင်း စူးစူးရဲရဲမျက်ဝန်းတွေနဲ့ ဂျောင်ကုကိုဒုက္ခပေးလွန်းလို့ ဂျောင်ကုသိမ်ငယ်ရပါသည်။

"ဒယ်ဒီက အဲ့အိမ်ကနေ ဘယ်ကိုထပ်သွားဦးမှာလဲ"

"ဒယ်ဒီသွားစရာမရှိဘူး တစ်နေ့လုံး မာမီတိုင်နဲ့ပြောစရာရှိတာပြောရမယ် ဒယ်ဒီနဲ့လည်း အလုပ်ကိစ္စတိုင်ပင်စရာရှိသေးတာမို့ ကုကီးက ဂျီမင်းနဲ့ချိန်းထားတာရှိလို့လား"

အကျောစိမ်းအချို့ ယှက်သွယ်နေသော ဒယ်ဒီလက်ကို မှင်သေသေကြည့်ရင်း ကပိုကရိုအင်္ကျီလက်ကို ဂျောင်ကုသေသတ်အောင် ခေါက်ပေးရင်းက ခေါင်းခါမိသည်။ သက်ပြင်းအချို့ကို ခပ်သဲ့သဲ့ရှိုက်ရင်းက အဖြေလည်းပြန်မဖြေမိခဲ့ပါ။

"မရှိဘူးရယ်"

"အဘွားက ကုကီးစာမေးပွဲဖြေပြီးလို့ ဂုဏ်ပြုစားပွဲ ကျင်းပချင်တယ်လို့ပြောတာပဲ သိပ်မစိုးရိမ်ပါနဲ့"

"ကုကီးဘွားဘွားကြီးကိုကြောက်တယ်"

စိတ်ပင်ပန်းစွာ ဒယ်ဒီရင်ခွင်ထဲ မျက်နှာအပ်ရင်းဖွင့်ထုတ်မိတော့ ကျောဘက်ကိုသိုင်းလာတဲ့ လက်ချောင်းရှည်ရှည်တွေက ရင်ထဲနွေးထွေးမှု အပြည့်အဝပေးသည်။

"ဘွားဘွားကြီးက ကုကီးကိုဆို မလိုလားသလိုမျိုးကြီး"

"အဘွားက ကုကီးကို ဒယ်ဒီ့ဆီပို့ပေးခဲ့တာ ဂျောင်ကုကသာ ဘွားဘွားကြီးလို့ခေါ်နေတာ တကယ်မှန် အုပ်ထိန်းသူအနေနဲ့ မွေးစားထားတာက အဘွားက ကုကီးကိုမွေးထားတာ"

"ဒါပေမဲ့လည်း...."

"ကဲ သွားစရာရှိတာသွားရအောင် အချိန်ကျန့်ကြာနေရင် မကောင်းဘူးဂျောင်ကု ဒယ်ဒီလူကြီးတွေကို မစောင့်စေချင်ဘူး"

DADDY Where stories live. Discover now