DADDY (13)

1.2K 98 7
                                    

Z&U

နန်းဂျွန် အင်္ကျီကြယ်သီးကို တပ်နေတုန်း အနောက်ကနေခါးကိုသိမ်းဖက်ကာ ချိုင်းအောက်က ခေါင်းထွက်လာပြီး ခါးမှာယှက်တွယ်နေသော လက်တွေကို ဂျောင်ကုကဖယ်ကာ ချော်ထွက်နေသည့် ကြယ်သီး နေဗီပြာရောင်တွေကို တပ်ပေးလေသည်။

"ဘယ်တုန်းကနိုးလဲ"

လှပ်ခနဲ တစ်ချက်ခုန်သွားတဲ့ ရင်ခုန်သံတွေနဲ့အတူ အသံတွေကအစ မခိုင်ချင်တော့ခြေ။ နူးနူးညံ့ညံ့ မျက်နှာလေးနဲ့ ရှည်သွယ်သွယ်လက်ချောင်းဖြူဖြူတွေက ဒီလောက်ကြည့်ကောင်းမှန်း နန်းဂျွန်မသိခဲ့ရိုး အမှန်ပါ။

"ဒယ်ဒီအင်္ကျီဝတ်နေတုန်းက"

သန်းဝါးရင်ပြန်ဖြေသည့်ပုံက ညကအရိုက်ခံရသည့်သူ မဟုတ်သည့်အတိုင်း။

"ဒယ်ဒီရေချိုးတာ ကုကီးကိုမစောင့်ဘူး"

"ကုကီးက အိပ်ရာထနောက်ကျတာကိုး"

နေဗီပြာရောင် အင်္ကျီလက်ကို ခပ်ဖွဖွထိတွေ့ကာ မီးပူခေါက်ချိုးထားသည်အတိုင်း စနစ်တကျခေါက်ပေးသည်မို့ ကပ်ရပ်ကာ သပ်သပ်ရပ်ရပ်နှင့် နန်းဂျွန်လက်ဖျံပေါ် ပနံသင့်လို့နေသည်။

မွ

နန်းဂျွန်အသည်းယားစွာ ဖြူဖြူဖွေးဖွေး ပါးပြင်ကို မွခနဲနမ်းတော့ ရဲတတ်လာသော မျက်နှာပြင်က ဆီးကြို၏။

အွင့်

ရုတ်တရက်မို့ နန်းဂျွန်လည်း ဘာလုပ်ရမှန်းမသိ သော်ငြား ကုကီးကတော့ ခြေဖျားထောက်ကာ နန်းဂျွန်နှုတ်ခမ်းထူထူတွေကို ပြေးနမ်းကာ ရေချိုးခန်းထဲ ပြေးဝငိသွားခဲ့ပြီ။

ဗုန်း!

ရုတ်တရတ် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေသော်ငြား ရေချိုးခန်းထဲက အသံကြောင့် စိတ်ပူခြင်းက ငယ်ထိပ်သို့ ဒိုင်းခနဲရယ်။

"အ့ သေပါပြီ"

"အဆင်ပြေလား ကုကီး ဒယ်ဒီဝင်ခဲ့ရမလား"

"ဟင့်အင် ရတယ် ဘာမဖြစ်ပါဘူး အိုကေတယ် "

"ဒယ်ဒီအောက်က စောင့်မယ်နော်"

"ဟုတ်"

မျက်နှာချင်းမဆိုင်ရဲသည်ကို အကြောင်းပြမရသည်မို့ အောက်ကစောင်မယ်ဟူသော စကားအား ခေါ်ယူကာ ပူနေသောမျက်နှာအား ဖြေဖျောက်ထားမိသည်။ ခက်တော့တာပဲ ကလေးငယ်နဲ့တော့။

DADDY Where stories live. Discover now