Z&U
ဒီနေ့ကျောင်းပိတ်ရက်ပဲ အိပ်ပါစေတော့ဟု သတ်မှတ်ထားတာမနိုးသော်ငြား နာရီလက်တံက ၉ နာရီကိုညွှန်ပြသည်မို့ နန်းဂျွန် အိမ်အပေါ်ထပ်ဆီတက်လာခဲ့သည်။ အခန်းတံခါးက လော့မချထား၍တော်လျော့သည်။
"ကုကီး ထတော့ သားလေး ကလေး ထတော့"
ခပ်တိုးတိုးဆိုရင်း စောင်ကိုဆွဲလှမ်တော့ ပန်းရောင်အနွေးထည် အရှည်ကြီးကိုဝတ်ကာ ခေါင်းစွပ်က ကြိုးနှစ်ချောင်းကို တင်းနေအောင်ဆွဲစီး ထားသည်မို့ မျက်စိမမြင်ရပဲ နှခေါင်းလုံးလုံးလေးသာ ထွက်နေသည်။
အသည်းယားစွာ နန်းဂျွန်ခပ်ဖွဖွဖြစ်တော့ အီးအဲအသံကထွက်လာတော့သည်။
"ဂျောင်ကုထတော့ ၉ နာရီထိုးနေပြီ"
မထွက်တစ်ထွက်နှုတ်ခမ်းက နန်းဂျွန်စကားကြောင့် စူထော်လာပြီး တစ်ဖက်လှည့်ကာ ထပ်အိပ်နေပြန်သည်။ မနက်ခင်းကြီး ဂျစ်တိုက်ချင်နေတဲ့ ကလေးကြောင့် နန်းဂျွန်ခေါင်းအသာခါသည်။
"ဒယ်ဒီ နံပါတ်စဉ်ရေပြီနော် ၁၀ ရောက်လို့မှမထရင် ဒယ်ဒီ့အစိုးမစိုနဲ့"
"၁"
ပထမဆုံး ရွတ်သံမို့ ဂျောင်ကု လှုပ်ပင်မလှုပ်သေးပေ။
"၂…၃ ၄ ၅"
နည်းနည်းလှုပ်ရွကာ စောင်ကိုကန်၍ ခပ်လေးလေးထလာသည်။ သို့သော်ငြား ခန္ဓာကိုယ်တစ်ပိုင်းက အိပ်ယာပေါ်တွင်တန်းလန်းရှိနေသေး၏။
"၆ ၇ ၈"
"နေပါအုံး ထပါ့မယ် ထပါ့မယ် မရေပါနဲ့တော့ နော့် ညကအိပ်တာနောက်ကျသွားလို့ပါ"
နန်းဂျွန်မျက်ခုံးပင့်တင်လိုက်သည်။ ညကအိတ်တာနောက်ကျရအောင် စားပြီးပြီးခြင်း တန်းအိပ်သွားသည့်သူက အနှီးပေါက်စ မဟုတ်ပေဘူးလား။
"ထားပါတော့ အိပ်ရာထမဲ့အချိန်အရမ်းနောက်ကျနေပြီ ထတော့"
အိပ်ယာပေါ်မှီနေတဲ့ ဂျောင်ကုကို လက်တစ်ဖက်က ဆွဲမတော့ အလိုက်သင့်ရင်ခွင်ထဲမှီတွယ်လာသည်။ အခုထိမျက်လုံးတွေကို မမြင်ရသေး။ ကြာလှပြီဖြစ်သော အင်္ကျီကဆွဲသားမို့ တွဲကျနေသည်မှာ ခြေသလုံးလောက်ရှိသည်။ အားလုံးခြုံကြည့်လျှင် ဟောလိုးဝင်းနေ့တွင် တွေ့ရသည့် ပန်းရောင်သရဲလိုမျိုး။