DADDY (12)

1.2K 116 11
                                    

Z&U

ငွေမှင်ရောင်တိမ်တွေရဲ့အနားသတ်မျဉ်းစောင်းက အပြာရောင်မိုးကောင်းကင်ကြီးဆိုရင် သေခြာပေါက် ကင်ဂျောင်ကုဆိုတဲ့ သူ့ရဲ့အဆုံးအစွန်ကနေ အစထိ ကင်နန်းဂျွန်ဆိုတဲ့ ဒယ်ဒီကနေရာယူထားသည်။ မျိုးရိုးကစလို့ ဒယ်ဒီနှင့်ပက်သက်တာတွေကြီးမို့ သူနဲ့သက်ဆိုင်သည့် အဆိုးအကောင်း အကြောင်း ဒယ်ဒီ၏ပိုင်ဆိုင်မှုတွေကြီးသာ။ ပြောရမယ်ဆို သူက ဒယ်ဒီ့တစ်ဦးတည်း အတွက်သာ ဖြစ်တည်လာတဲ့ ငွေမှင်ရောင်တိမ်စိုင် လှလှလေးသာ ဖြစ်၏။ မိုးကောင်းကင်ကြီးက တိမ်စိုင်လေးမရှိရင်လည်း ဖြစ်ပေမဲ့ တိမ်စိုင်လေးကတော့ ဟုတ်မနေခဲ့ဘူး...။

"ဘာလုပ်သင့်လဲ ဂျီမင်းဟျောင်း"

"ငါလည်းမသိဘူး ကိုကိုကြီးက အစကတည်းက စိတ်က သိတယ်မလား နည်းနည်းလေ ကြီးကျယ်တယ် သူကယောက်ျားလေးချင်း သဘောမကျတာလည်း ဖြစ်နိုင်တယ်ကွာ ဟို.."

"ကျွန်တော်နားလည်ပါတယ် အစကတည်းက ဒယ်ဒီက ကျွန်တော့်ကို ဟျောင်းလောက်တောင်မ စိတ်မဝင်စားခဲ့တာကြီး တစ်ခါတစ်လေကြတော့ ဂျီမင်းဟျောင်းဖြစ်ချင်တာ"

ဂျီမင်းမျက်မှောင်ကျုံ့က ဂျောင်ကုကို ကြိမ်ဆဲလိုက်ချင်သော်ငြား စိတ်သာလျော့ထားရသည်။ ကိုကိုကြီးက မျက်စိအောက်က အပျောက်မခံနိုင်အောင် ဘယ်လောက်တောင် ချစ်ခဲ့ရလဲ။ ဒါကိုမသိပဲ ဒင်းက....ဟူး တော်ပါပြီ။

"ငါနဲ့ကိုကိုကြီးက သိတဲ့အတိုင်းလေ ငါကပွင့်ပွင့်လင်းလင်းရှိတယ်လေ မင်းကသာ ရေငုံနှုတ်ပိတ်နဲ့ လိုချင်ရင် ဒါလိုချင်တယ် လုပ်ချင်ရင် လုပ်ချင်တယ် ပြောခဲ့ပါလား ခုမဖီလ်းပြမနေနဲ့"

"အင်း"

ကျောင်းနောက်မကျရဘူးဆိုတဲ့ ဒယ်ဒီ့စည်းကမ်းချက်ကို ချိုးဖျတ်ကာ ဂျောင်ကုကျောင်းခေါင်မိုးထပ်တွင် ဂျီမင်းနှင့် အဆွေးဇာတ်ခင်းနေဆဲ။ အိမ်ကြရင်တော့ သေချာပေါက် သူအရိုက်ခံရလောက်သည်။ နာပေမဲ့လည်း ဒီလိုမှ ဒယ်ဒီ့ဆီက ဂရုစိုက်မှုကို ရရှိတော့ အနည်းနှင့်အများ ကောင်းသလိုရယ်။

"ငါတို့ပြန်ရအောင် ဂျောင်ကု What the.... ? ၆ နာရီထိုးတော့မယ် ဂျောင်ကု ငါတို့သေလိမ့်မယ် မင်းကိုကိုကြီးကို မကြောက်ပေမဲ့ ငါကြောက်တယ် ငါပြန်ပြီ"

DADDY Where stories live. Discover now