Chapter-18

2.2K 381 12
                                    

UNICODE

အခန်း (၁၈)
အမှန်တရားခါးခါး

ငွေသော်တာလမင်းဟာ မြစ်ပြင်ကျယ်ထဲ သက်ဆင်းသွားသကဲ့သို့။ ဝေလငါးများ ပင်လယ်ထဲ အရိုင်းဆန်စွာ ကူးခတ်နေကြသည်မှာ ရေလှိုင်းများက ကြယ်စင်များကို ဖျန်းပက်နေသကဲ့သို့။

ကမ္ဘာမြေပြင်ဟာ အသစ်ပေါက်ဖွားလာသည့် ငယ်ရွယ်နုပျိုသည့် အချစ်မေတ္တာကြောင့် ပို၍ပိုကာ ရှုမောဖွယ်ရာကောင်းနေသလို။

ရှုကျင်းက ရှန့်ရှင်းဟယ်၏အင်္ကျီအနားစကို ကြောက်ရွံ့ခြင်းအလျဥ်းမရှိဘဲ ဆောင့်ဆွဲလိုက်ပြီးနောက် ရှန့်ရှင်းဟယ်က တိုက်ရိုက်ဖွင့်ပြောလာခဲ့ခြင်းဖြစ်သည်။ 'ငါ မင်းကို ဒီအတိုင်းလေး သဘောကျတာ'ဟူသော တုန်လှုပ်စရာစကားလုံးများက သူ၏မျိုသိပ်ထားရသည့်ခံစားချက်အစုစုကို ပွင့်ထွက်သွားစေ၏။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင့်လျော်သည်ဖြစ်စေ၊ မသင့်လျော်သည်ဖြစ်စေ၊ လိင်တူ၏၊ မတူ၏ကိုပင် ဆန်းစစ်မနေတော့ဘဲ ထိုနှစ်က သူတို့နှစ်ဦး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ဖြစ်ခဲ့ကြပါသည်။

'တိုးတိတ်စွာ လျှို့ဝှက်စွာ' သဘောကျခြင်းမျိုး ယခင်ကတည်းက မရှိခဲ့ဖူးချေ။

ထို့ကြောင့်ပင် ရှန့်ရှင်းဟယ်က ရှုကျင်းအား အစဥ်တစိုက် ကြည့်နေခဲ့ကာ အလိုလိုက်ဂရုစိုက်ပေးခဲ့ခြင်းဖြစ်သည်။

ရှုကျင်းက ရှန့်ရှင်းဟယ်၏တုံ့ပြန်မှုများကို မသိကျေးကျွန်ပြုခဲ့မိခြင်းသာ။ ယခုတွင်တော့ ရှန့်ရှင်းဟယ်အား အခြားကောင်းမွန်သည့်အရာမကဘဲ ​ပို၍ပိုကာ ကောင်းမွန်ပြည့်စုံသည့် အရာများကိုသာ ပေးအပ်ချင်တော့သည်။

သူတို့နှစ်ဦး အသေအချာလက်ကိုင်ဖြစ်ခဲ့သည့် ပထမဆုံးအကြိမ်သည်ကား ရှန့်ရှင်းဟယ်အား ဘူတာရုံသို့ လိုက်ပို့ပေးသည့် နောက်တစ်နေ့ပင် ဖြစ်ချေ၏။

ရထားတွဲထက်၌ ဘေးချင်းကပ်ရပ်ထိုင်နေကြရင်း ယမန်နေ့ညက ဖွင့်ပြောမှုများကြောင့် ရှက်ရွံ့စိတ်များ တရိပ်ရိပ်သန်းလာရသည်။ ရှန့်ရှင်းဟယ်က ပြတင်းပေါက်မှတစ်ဆင့် ရှုခင်းများအား ငေးမောကြည့်ဟန် ယောင်ဆောင်ကာ ရှုကျင်း၏လက်အား ညင်ညင်သာသာ ဆုပ်ကိုင်လိုက်၏။ လက်ချောင်းများ လိမ်ယှက်လျက် နှစ်ဦးစလုံး၏လက်ဖဝါးပြင်ဟာ ချွေးများဖြင့် စိုရွှဲနေခဲ့လေသည်။

Please Don't See Me [Mm Transl. || Completed]Where stories live. Discover now